Blogger Widgets
IP

ပုံပြင်များ

လှချင်လွန်းတဲ့မင်းသမီးလေး


 ရှေးရှေးတုန်းကဘုရင်ကြီးတစ်ပါးမှာရုပစန္ဒီဆိုတဲ့မင်းသမီးလေးတစ်ပါးရှိတယ်။
ရုပစန္ဒီလေးဟာဘုရင့်သမီးတော်လေးဖြစ်တဲ့အပြင်ရုပ်ရည်ကလည်းအင်မတန် ချောမော
လွန်းလို့နန်းတော်တစ်ခုလုံးမှာသူ့ကိုမချစ်ခင်တဲ့သူမရှိဘူးတဲ့။
အားလုံးကဖူးဖူးမှုတ်ထားတာပေါ့။အဲဒီလောက်ကံကောင်းပြီးချောမောနေပေမယ့်ရုပစန္ဒီ
ဟာလှသထက်ပိုပြီးလှချင်လို့အချိန်ရှိသရွေ့အလှပဲပြင်နေတယ်။စာပေပညာလည်းသိပ်
မသင်မိန်းကလေးတွေတပ်အပ်တဲ့ပညာရပ်တွေကိုလည်းမလေ့လာဘဲလှဖို့တစ်ခုတည်း
ပဲစဉ်းစားနေတယ်တဲ့။တစ်နေ့တော့သူရဲ့အထိန်းတော်က..”တောစပ်နားမှာနေတဲ့ပုဏ္ဏား
တစ်ယောက်ကချောမောလှပလာအောင် မန်းမှုတ်တတ်တယ်လို့ကြားသိခဲ့ ရပါတယ်
သခင်မလေး…”လို့လျှောက်တင်လိုက်တယ်။ရုပစန္ဒီလည်းချက်ချင်းပဲ…
”ဒီသတင်းဟာအမှန်ပဲလားဝမ်းသာလိုက်တာ..”လို့ပြောပြီးပိုလှလာဖို့အတွက်ဘယ်လို
လုပ်ရမလဲဆိုတာအကြံထုတ်တော့တယ်။အဲဒီနောက်တော့ရူပစန္ဒီလေးဟာခမည်းတော်
မင်းကြီးမသိအောင်နန်းတော်ထဲကနေ တိတ်တဆိတ်ထွက်လာခဲ့ပြီး တောစပ်နားက ပုဏ္ဏားကြီးရှိရာကိုအရောက်သွားတော့သတဲ့။
ကံကောင်းစွာပဲပုဏ္ဏားကြီးနဲ့တစ်ခါတည်းတွေ့လို့ ရူပစန္ဒီလေးက…”အို ပုဏ္ဏားကြီးကျွန်မ
ကိုလှပလာအောင်နည်းလမ်းကောင်းလေးများရှိရင်ပြောပြပေးပါဦး….လို့မေးလိုက်တယ်။
ဒီအခါပုဏ္ဏားကြီးက…သမီးတော်လေး..သင်ဟာလှပြီးသားပဲမလိုအပ်တော့ပါဘူး….လို့
ပြန်ပြောတယ်….”အိုဒီထက်ပိုပြီးလှချင်လို့ပါကူညီပါဦးပုဏ္ဏားကြီးရယ်…”လို့ရူပစန္ဒီက
အတင်းတောင်းဆိုတော့တယ်။ပုဏ္ဏားကြီးလည်း…”ကဲ ကဲပြောမရတော့လဲ ကူညီပေးရ
တာပေါ့…”လို့ပြောပြီးရူပစန္ဒီကိုထူးဆန်းတဲ့ပုလည်လည်ဆွဲလေးတစ်ကုံးထုတ်ပေးလိုက်
တယ်။”ဒီလည်ဆွဲဟာကျွန်ုပ်တတ်ကျွမ်းတဲ့ရူပမန္တာန်တော်နဲ့မန်းမှုတ်စီရင်ထားတဲ့လည်ဆွဲဖြစ်ပါတယ်။ ဒီလည်ဆွဲကို ဆင်မြန်းလိုက်တာနဲ့ သင်ဟာဗမ္ဗူတစ်ခွင်မှာ အချောဆုံး
အလှဆုံးမိန်းကလေ်းဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် ဒီလည်ဆွဲကိုပြန် ချွတ်မိလိုက်တာနဲ့
သင်ဟာအိုမင်းရင့်ရော်သွားပြီး အကျည်းတန် အရုပ်ဆိုးသွားရလိမ့် မယ်။ကဲသင်ဘယ်လို
သဘောရလဲ…”လို့ပုဏ္ဏားကြီးကရူပစန္ဒီမင်းသမီးလေးကိုပြောလိုက်တယ်။
ရူပစန္ဒီမင်းသမီးလေးဟာအလှဆုံးဖြစ်ဖို့ပဲအရေးကြီးနေလို့ကျန်တာကိုဘာမှတွေးမနေတော့
ဘဲ…”ကိစ္စမရှိပါဘူးအမြဲတမ်းလှနေအောင်အမြဲတမ်းဝတ်ထားလိုက်မှာပေါ့…”
လို့အလွယ်တကူပြောလိုက်တယ်။အဲဒီနောက်မှာတောမင်းသမီးလေးဟာပုဏ္ဏားကြီးဆီ
ကလည်ဆွဲကြိုးကိုယူပြီးဝတ်ဆင်လိုက်တော့တယ်။ရူပစန္ဒီလေးလည်းဝမ်းသာအားရနဲ့
နန်း တော်ကိုပြန်လာခဲ့တော့တယ်။ နန်းတော်ရောက်တဲ့အခါမှာရူပစန္ဒီလေးကိုခမည်း
တော်ဘုရင်ကြီးကတွေ့လိုက်တော့အရမ်းအံ့သြသွားတယ်။”သမီးတော်ရယ်ဒီလောက်
လှလွန်းတော့သမီးတော်အတွက်အန္တရာယ်များလွန်းပါတယ်
အစစမှာသတိထားနေပါကွယ်…”လို့ဘုရင်ကြီးဆုံးမလိုက်တယ်။ ဒါပေမယ့် ရူပစန္ဒီလေးဟာ မသိဟန်ပြုပြီးဘုရင်ကြီးရှေ့ကထွက်ခဲ့တယ်။ သူ့ရဲ့စိတ်ထဲမှာတော့ သူ့အလှအတွ

အရမ်းဝမ်းသာနေတာပေါ့။ 
ဒီလိုနဲ့ရူပစန္ဒီလေးဟာအတိုင်းတိုင်းအပြည်ပြည်ရဲ့ဘယ်မင်းသမီးကမှမယှဉ်နိုင်အောင် ချောမောလှလွန်းနေတော့တာပေါ့။ တစ်နေ့မှာတော့ရူပစန္ဒီလေးက…အင်းနန်းတော်ထဲ
ကရေကန်တော်မှာပဲ အမြဲချိုးနေရတာ ငါ့စိတ်ထဲမသန့်ရှင်းဘူး နန်းမြို့တောင်ဘက်က ကြည်လင်အေးမြပြီးတသွင်သွင်စီးဆင်း နေတဲ့ ကျောက်စက်ရေ စမ်းချောင်းလေးမှာသာ ရေသွားချိုးလိုက်ရရင် ငါ့ရဲ့အသားအရည် တွေဟာဒီထက်ပိုပြီး စိုပြေလှပလာမှာပဲ…လို့
စဉ်းစားမိတယ်။ ဒါကြောင့်မယ်တော်ဆီမှာသွားရောက်ပြိးခွင့်တောင်းကြည့်တယ်။
ဒါပေမယ့်မယ်တော်က… မြို့ပြင်မှာသားရဲတိရိစ္ဆာန်တွေကပေါများလှပါဘိနဲ့ မယ်တော်
ခွင့်မပြုနိုင်ဘူး သမီးတော်… လို့ပြန်ပြောလိုက်တယ်မယ်တော်မိဖုရားခွင့်မပြုတော့ရူပစန္ဒီလေးဟာ
သိပ်စိတ်ညစ်သွားတယ်။ ဘယ်အထိန်းတော်တွေကမှလည်း မိဖုရားကြီးရဲ့အမိန့်ကို လွန်ဆန်ပြီး
မပို့ရဲကြရှာဘူးပေါ့။ဒီတော့ရူပစန္ဒီလေးလည်းသူ့ဆုံးဖြတ်ချက်အတိုင်းဘယ်သူမှ
မသိအောင်တိတ်တိတ်လေးထွက်လာခဲ့တယ်။စမ်းချောင်းလေးနားရောက်တော့သူ့
သဘောကျတသွင်သွင်စီးနေတဲ့စမ်းချောင်းရေထဲဆင်းပြီးရေချိုးတော့တာပေါ့။
ရူပစန္ဒီလေးဟာဒီလိုနဲ့စမ်းချောင်းထဲမှာရေချိုးနေရင်းကျောက်တုံးတစ်တုံးကိုချော်နင်း
မိပြိးရေထဲကိုလဲကျသွားတော့တယ်။စမ်းချောင်းလေးဟာသိပ်မနက်ပေမယ့်ရေစီးနေတော့ ရူပစန္ဒီလေးဟာ ရေစီးထဲမှာ မျောပါမလိုဖြစ်သွားတယ်။
အဲဒီအချိန်မှာ သူ့လည်ပင်းကပုလဲလည်ဆွဲလေးဟာရေထဲကို ပြုတ်ကျသွားသတဲ့။
ကံဆိုးချင်တော့အဲဒီအချိန်မှာသူ့အနားကိုကူးလာတဲ့ငါးကြီးတစ်ကောင်က မြင်ပြိး အစာမှတ်လို့
ထိုးဟပ်သွားတယ်။ ချက်ချင်းပဲရူပစန္ဒီလေးလည်း ချောမော
လှပနေရာကနေ အကျည်းတန်တဲ့ အဖွားအိုကြီးပုံဖြစ်သွားတော့တယ်။ 

ဒါကြောင့် ငါးကြီးရဲ့နောက်ကိုချက်ချင်းရေကူးပြီး အမီလိုက်ပေမယ့် ငါးကြီးကိုမတွေ့ရတော့ဘူး။
ဒါပေမယ့်ဇွဲမလျော့ဘဲစမ်းချောင်းလေးစီးဆင်းရာလမ်းတစ်လျောက်လိုက်ရှာနေမိတယ်။
အဲဒီအချိန်မှာပုလဲလည်ဆွဲကိုထိုးဟပ်သွားတဲ့ငါးကြီးကိုတံငါသည်တစ်ဦးကဖမ်းမိသွား
တယ်။တံငါသည်လည်း အိမ်ရောက်လို့ ငါးရဲ့ဗိုက်ကိုခွဲမိတော့အထဲကနေပုလဲလည်ဆွဲက
ထွက်ကျလာတာပေါ့။ဒါနဲ့ တံငါသည်လည်း လည်ဆွဲကိုကိုင်ပြီး တအံ့တသြနဲ့ ငေးကြည့်နေတုန်း တံငါသည်
ရဲ့နောက်နားတစ်ပင်ပေါ်က ဗျိုင်းတစ်ကောင်ဆင်းလာပြီး ပုလဲကုံးကိုသုတ်ချီပျံပြေးသွား
တယ်။အဲဒီအချိန်မှာစမ်းချောင်းတစ်လျောက်လိုက်ရှာနေတဲ့ရူပစန္ဒီတဖြစ်လဲအကျည်းတန်
အဖွားအိုဟာတံငါသည်ရှိရာကို ရောက်လာသတဲ့။ အမောင်လုလင်ကျွန်ုပ်ရဲ့ပုလဲလည်ဆွဲ
ငါးကြီးစားမျိုသွားလို့တွေးမိပါသလား..လို့တံငါသည် ကိုမေးမြန်းလိုက်တယ်။ တံငါသည်လည်း..အခုလေးတင်ပဲအဲဒီလည်ဆွဲကို ဗျိုင်းတစ်ကောင် သုတ်ချီပြီးအနောက်
ဘက်အရပ်ကို ပျံပြေးသွားပါတယ်… လို့အမှန်အတိုင်းပြောပြလိုက်တယ်။ ဒါနဲ့အမေအို
လည်းအချိန်မဆိုင်းတော့ဘဲ အနောက်ဘက်အရပ်ကိုချက်ချင်း လိုက်သွားတော့တယ်။ လမ်းမှာတွေ့သမျှလူတွေကိုမေးမြန်းကြည့်ပေမယ့် ဘယ်သူမှ မသိကြ ဘူးတဲ့။
တစ်ချို့လူတွေက ဆိုရင်…. ဟာအဖွားကြိး တယ်ရှုပ်ပါလားသွားစမ်းပါဗျာ…လို့တောင် အော်ငေါက်မောင်းထုတ်လိုက်ကြတယ်။ ဒါနဲ့သူမဟာစိတ်ညစ်ပြိးထွက်လာတုန်း တစ်
နေရာအရောက် သစ်ပင်ပေါ်မှာ ပြိုးပြိုးပျက်ပျက်လက်နေတဲ့အရာတစ်ခုကိုတွေ့မိတယ်။
သချာမော့ကြည့်တော့မှဗျိုင်းတစ်ကောင်ရဲ့လည်ပင်းမှာသူမရဲ့ပုလဲလည်ဆွဲစွပ်လျက်သား ဆွဲမိနေတာကိုတွေ့ရတယ်။အဲဒီဗျိုင်းဟာကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပနေတာပေါ့။ သူမလည်းလည်ဆွဲပြန်လိုချင်လို့ဗျိုင်းကိုအောက်ကနေအော်ဟစ်ခြောက်လှန့်လိုက်တယ်။
ဗျိုင်းလည်းလန့်ပြီးထပျံပြေးသွားတော့သူမဟာဗျိုင်းပျံပြေးတဲ့နောက်ကိုအမီလိုက်တော့
တာပေါ့။ဗျိုင်းဟာမိုးပေါ်ကနေ ပျံသွားရင်းသင်္ချိုင်းတစ်ခုမှာမီးသဂြိုလ်နေတဲ့ မီးပုံပေါ်က ဖြတ်ပျံမိတယ်။ ဒီတော့မီးအပူဟပ်ပြီး ဗျိုင်းဟာ မီးပုံထဲပြုတ်ကျသွားတော့သတဲ့။ အဲဒီ
နောက် တော့ဗျိုင်းလည်း မီးလောင်သေသွားပြီး ဗျိုင်းငှက်နဲ့အတူပုလဲလည်ဆွဲလေးလည်း ပြာမှုန့်ဖြစ် သွားတယ်။ဒီအကြောင်းတွေကို နောက်ကပြေးလိုက်လာတဲ့ အကျည်းတန်အဖွားအို ရူပစန္ဒီ တွေ့သွားပြီးပြာပုံထဲမှာသူ့ရဲ့လည်ဆွဲကို တွေ့လို့တွေ့ငြားလိုကရှာမိသေးတယ်။ ဒါပေမယ့် ပြာတွေကလွဲလို့ ဘာမှရှာမတွေ့ အဖွားအိုလည်း မျှော်လင့်ချက်မဲ့သွားရတော့တာပေါ့ငါတော့ဒုက္ခရောက်ပြီ ပုလဲလည်ဆွဲလေးမရှိတော့ဘူးဆိုတော့ငါဟာအခုလိုအကျည်းတန်အဖွားအိုအဖြစ်နဲ့ တစ်သက်လုံးနေသွားရတော့မှာပါလား… လို့တွေးမိပြီးပြာပုံ အနီးအနားမှာပဲ နေပြီးပြာမှုန့်ကနေသစ်ပင်ပေါက်လာမယ့်အချိန်ကို ထိုင်စောင့်
မျှော်နေရှာသတဲ့… အင်းပုလဲလည်ဆွဲပြာမှုန့်တွေကအပင်ပေါက်လာပြီး အသီးသီးလာရင် အဲဒီအသီး
တွေကို လည်ဆွဲလုပ်ပြီး ဝတ်ရမယ်။ ဒီတော့မှငါဟာအရင်လိုချောမောလှပတဲ့ ရုပ်အဆင်းကို ပြန်ရနိုင်မယ်
လို့တစ်ယောက်တည်းစိတ်ကူးယဉ်ပြီးတွေးတောနေသတဲ့။ နွေမိုးဆောင်း ရာသီတွေပြောင်းတဲ့တိုင်း
အဲဒီသစ်ပင်ပေါက်လာမလားဆိုပြီးတော့ အမြဲတမ်းရှာဖွေနေသတဲ့။



သူ့ကိုတွေ့ကြတဲ့ လူတွေအားလုံးကလည်းသူ့ကိုရူပစန္ဒီမင်းသမီးလေးမှန်း ဘယ်သူမှ
မသိကြ ဘူးပေါ့။ သူ့ကိုကြည့်ပြီး … ဒီအဖွားကြီးဟာဒီသူဿန်တစ်ဝိုက်မှာပဲ ရစ်သီ
ရစ်သီလာလုပ်နေတယ်။ဘယ်ကမှန်းလည်းမသိပါဘူးကွာလို့လူတစ်ဦးကပြောတော့
အိုအရူးမကြီး နေမှာပေါ့…လို့တခြားတစ်ဦးကည်းဖြေလိုက်တယ်။ ဒီလိုနဲ့နောက်ဆုံးတော့ ပိုမို အကျည်းတန်လာတဲ့အဖွားအိုဟာသူ့ရဲ့ရုပ်ရည်ကိုရေအိုင်
တစ်အိုင်မှာပြန်မြင်မိပြီး ထိတ်လန့်သေဆုံးသွားတော့တယ်တဲ့။သူမဟာသေဆုံးသွားပြီး
တဲ့နောက် ငှက်တစ်ကောင်ဖြစ်သွား တော့တယ်တဲ့။ အဲဒီငှက်ဟာအလွန်အရုပ်ဆိုး
အကျည်းတန်ပြီးတောစပ် သင်္ချိုင်းကုန်းတွေနားမှာ အမြဲရစ်သီရစ်သီနေတတ်တဲ့
ဠင်းတငှက်ပေါ့ကွယ်။ လှချင်လွန်းပြီး မစဉ်းစားမဆင်ခြင်တတ်ရင်အဲဒီလိုပဲဖြစ်တတ်လို့
ဒီပုံပြင်လေးကိုဖတ်ပြီးသင်ခန်းစာယူကြပေါ့ကွယ်….။

ပြီး



စိတ်ထားဖြူတဲ့ ညီအကို                            
 တစ်ခါက တောကျွဲအင်းဆိုတဲ့ရွာလေးတစ်ရွာမှာရိုးသားပြီးသနားကြင်နာတတ်တဲ့
ဖိုးဆောင်းနဲ့ ကုလားကြီးဆိုတဲ့ညီအစ်ကိုနှစ်ယောက်ရှိသတဲ့...သူတို့ဟာလယ်ယာ
အလုပ်လုပ်ကြတယ်..တစ်နေ့မှာတော့ ညီအစ်ကိုနှစ်ယောက်ဟာတောထဲထင်းခွေ
သွားကြတယ်..သူတို့ဟာ တောထဲမှာ “အင်း ဒီဥကြီးတွေကိုပေါက်ဖွားလာအောင်
ဝပ်ပေးမယ့် မိခင်လည်းမရှိဘူးထင်တယ်”“ရေအိုင်ဘေးနားမှာဆိုတော့ရေငွေ့တွေနဲ့
အေးနေလို့ နွေးထွေးမှု မရှိဘဲဒီဥတွေ ပေါက်လာမှာ မဟုတ်ဘူး ” “ဒီတော့ ငါတို့
အိမ်ကို ယူသွားပြီး ဥကနေအကောင်ပေါက်အောင်ပြုစုပေးရမယ်” ဒါနဲ့ညီအစ်ကို
နှစ်ယောက်တိုင်ပင်ပြီး ဥကြီးတွေကိုယူပြီး အိမ်ကိုပြန်လာခဲ့ကြသတဲ့... အိမ်ကိုပြန်
ရောက်တော့ ကောက်ရိုးတွေခင်းပြီးဥကြီးနှစ်လုံးကိုထားတယ်...ပြီးတော့ညီအစ်ကို
နှစ်ယောက်ဟာ ဥတွေကို စောင့်ကြည့်နေကြတယ်...ဒါပေမဲ့ဥတွေဟာ ဘာမှမထူး
ခြားဘဲဖြစ်နေသတဲ့...ဒါကြောင့်ဘာတွေလိုနေသလဲလို့စဉ်းစားကြတာပေါ့...“အင်း ဥကြီးတွေမပေါက်နိုင်တာ အနွေးဓာတ်များများလိုလို့ပဲ ဖြစ်ရမယ် ”“ဒီတော့ငါတို့မှာ
ရှိသမျှ နွေးမယ့်ပစ္စည်းတွေယူပြီးအုံထားပေးရင်ကောင်းမယ်” ဒါနဲ့သူတို့ညီအစ်ကို
နှစ်ယောက်ဟာ အိမ်ထဲမှာရှိသမျှစောင်တွေအိပ်ယာခင်း ခေါင်းအုံးအဝတ်
ခြင်ထောင်ပါ မကျန်ဥကြီးနှစ်လုံးပေါ် ဖုံးထားလိုက်တယ်.. ဒီလိုနဲ့ရက်တွေကြာလာ
ပြန်တယ်... ဒါပေမဲ့ ဥကြီးနှစ်လုံးဟာ ဘာမှထူးခြားမလာဘူး .... သူတို့ညီအစ်ကို
နှစ်ယောက်ဟာလည်း အလုပ်မလုပ်နိုင်ဘဲ ဥကြီးတွေနဲ့ အလုပ်ရှုပ်နေတယ်... ဒါနဲ့
သူတို့အိမ်မှာရှိတဲ့ စားစရာတွေကို စားသောက်လာကြတာ ကုန်သွားတယ်...
သွားချေးငှားတာပေါ့... “ဟာ မင်းတို့ဟာကမဟုတ်သေးပါဘူး ဘာဥမှန်းမသိတဲ့
ဥကြီးနှစ်လုံးနဲ့ အချိန်ကုန်နေတာပ”အဓိပ္ပါယ်မရှိတဲ့အလုပ်ကိုလုပ်နေတာမရှက်ကြဘူးလား ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ မယောင်ရာဆီလူးနေကြတယ်”....“ ဒီတော့ စားဖို့အတွက်လဲကိုယ့်ဖာသာကိုယ်ရှာကြံစားကြဘာမှမပေးနိုင်ဘူး”အိမ်နီးချင်းတွေ
ပြောဆိုပြီးနှင်လွှတ်လိုက်လို့ညီဖြစ်သူလည်းအိမ်ကိုပြန်လာခဲ့ရတယ်...ဒါနဲ့ညီဖြစ်သူ လည်း အစ်ကိုဖိုးဆောင်းကို အကြောင်းစုံပြန်ပြီးပြောပြတာပေါ့...“အင်း သူတို့ပြောတာလဲဟုတ်တာပဲငါတို့တွေလဒီဥကြီးတွေကိုတတ်နိုင်သလောက်စောင့်
ရှောက်ပြီးပြီ” “ဒါကြောင့် ကိုယ့်အလုပ်ကိုယ်မလုပ်နိုင်ဘဲဖြစ်နေတာ အမှန်ပဲကွ” ဒီတော့
ဒီဥတွေကို ငါတို့တွေ့ခဲ့တဲ့နေရာမှာပဲ ပြန်ထားလိုက်ကြစို့” ဒါနဲ့ညီအစ်ကိုနှစ်
ယောက်ဟာ ဥကြီးနှစ်လုံးကိုယူပြီး နဂိုတွေ့ခဲ့တဲ့နေရာမှာ ပြန်ထားလိုက်ကြတာပေါ့
.... ပြီးတော့သူတိုဟာ စိတ်မကောင်းစွာနဲ့ ကြည့်နေကြတယ်... အဲဒီချိန်မှာပဲသူတို့
အနားမှာရုတ်တရက် တောမီးလောင်လာသတဲ့ ....တိရစ္ဆာန်လေးတွေ ဟာလည်း
ကြောက်လန့်တကြား ပြေးလွှားကြတော့တာပေါ့... “ဟာတောမီးလောင်တာဟေ့”
ဒီလိုနဲ့ တောမီးဟာ ဥကြီးတွေရှိတဲ့ရေအိုင်နဲ့ နီးလာတော့သတဲ့ .... ပြီးတော့မီးတောက်တွေဟာ ဥကြီးတွေအနားကတဖြည်းဖြည်းရောက်လာတယ်..... “ဟာ ဒီအတိုင်းဆိုရင် ဒီဥနှစ်လုံးကိုမီးလောင်ပြီး ပျက်စီးတော့မှာပဲ.” “ ကဲငါတို့ ညီအစ်ကို ဒီဥကြီးနှစ်လုံးကို တောမီးလွတ်တဲ့နေရာသယ်ပြေးကြစို့” ညီအစ်ကိုနှစ်ယောက်ဟာလည်း ဥကြီးတွေကို မီးလွတ်ရာသယ်ပြေးကြတယ်... ဒီလိုနဲ့တောစပ်
ရောက်တော့ တောမီးဘေးကနေ လွတ်သွားတော့သတဲ့... ဒီတော့မှ ညီအစ်ကိုနှစ်
ယောက်ဟာလည်း ဥတွေချပြီးအမောဖြေကြတယ်... အဲဒီချိန်မှာတောမီးရဲ့ အပူငွေ့
ကြောင် ဥကြီးနှစ်လုံးကွဲအက်သွားတယ်..... ဥကြီးတစ်လုံးထဲက ရွှေရောင်အမွေး
အတောင်တွေနဲ့ပြည့်နေတဲ့ ဘဲလေးနှစ်ကောင် ထွက်လာသတဲ့...

 နောက်ဥတစ်လုံးထဲက အရမ်းချောမောလှပတဲ့ နတ်မိမယ်လေးနှစ်ယောက် ထွက်လာသတဲ့.. ဒီအခါ ညီအစ်ကိုနှစ်ယောက်လည်း အံ့အားသင့်နေတော့တာပေါ့ ရွှေဘဲနှစ်ကောင်ဟာ သူတို့ညီအစ်ကိုဘေးနားမှာတောင်ပံခတ်လိုက်တယ်.. ဒီအခါ တောင်ပံထဲကရွှေမှုန်လေးတွေဟာထွက်ကျလာသတဲ့...နတ်မိမယ်နှစ်ယောက်ဟာလည်း
သူတို့ညီအစ်ကိုနားရောက်လာတယ်.... “ရှင်တို့ ညီအစ်ကိုဟာ အရမ်းကိုသနားကြင်နာစိတ်ရှိတဲ့
သူတွေပါပဲ ရှင်တို့ရဲ့ကရုဏာနဲ့ကူညီမှုကို မရခဲ့ရင် ကျွန်မတို့ဟာ ပျက်စီးသွားမှာအမှန်ပဲ”
“ဒါကြောင့် ရှင်တို့ကိုကျေးဇူးဆပ်တဲ့အနေနဲ့အလုပ်ကျွေးပြုပါရစေ ” ဒါနဲ့ညီအစ်ကိုနှစ်ယောက်လည်း ရွှေဘဲနှစ်ကောင်နတ်မိမယ်လေးခေါ်ပြီးချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်နဲနေထိုင်သွားတော့သတဲ့ကွယ်။ ။
                                                                        
 ပြီး 
          

  ကြွက်ပျံ    
 တစ်ခါတုန်းကတောအုပ်တစ်ခုထဲကသစ်ပင်အောက်မှာကြွက်လေးတစ်ကောင်ဟာပျင်းပျင်းနဲ့လှဲအိပ်နေ
သတဲ့။အဲဒီလိုအိပ်နေရင်းကနေ.....အင်းငါဟာဟိုးမိုးပေါ်ကငှက်လေးတွေလို လေထဲမှာပျံဝဲနေရရင်
သိပ်ကောင်းမှာပဲ။ငါသာငှက်လေးတွေလို ပျံနိုင်ရင်တိမ်တွေကြားထဲမှာ ပျံလိုက် လေဟုန်စီးလိုက်နဲ့ သိပ်ဇိမ်ကျပြီး သိပ်ပျော်စရာကောင်းမှာ..လို့တွေးမိတယ်။ ဒါကြောင့်လေထဲမှာပျံလို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားနေမိတယ်။
    အကြံတစ်ခုစဉ်းစားမိတာကတော့လေထဲမှာပျံတတ်တဲ့သတ္တဝါတစ်ကောင်ဆီ
သွားပြီး နည်းလေးဘာလေး သိအောင်မေးမြန်းကြည့်ဖို့ပဲ..
ဟာ ဟုတ်ပြီတောစပ်နားက ကိုကျီးဆီ သွားပြီးနည်းလေးဘာလေးတောင်းရမယ်
လို့နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်တယ်။      ဒီလိုနဲ့ကိုကျီးဆီရောက်တော့…ဗျို့ကိုကျီးကျုပ်လည်းခင်ဗျားတို့လိုလေထဲမှာ
ပျံချင်လို့ အဲဒါ နည်းလေးဘာလေးရှိရင် ပြောပြစမ်းပါအုံး။ လို့ပြောလိုက်တယ် ။
    ဒီအခါမှာကိုကျီးက..ဟကြွက်ကလေးရမင်းမှာကကျုပ်တို့လိုအတောင်ပံမှမရှိ
တာဘယ်လိုလုပ်ပျံလို့ ရမှာလဲ..လို့ပြန်ပြောလိုက်တယ်။
ကြွက်ကလေးကလည်း…ဒီလိုဆိဒဲီအတောင်ပံမျိုးကျွန်တော့်မှာရှိအောင်ဘယ်လို
လုပ်ရမှာလဲ အကြံလေးဘာလေးရှိရင်ပေးပါဦးခင်ဗျား…လို့တောင်းတောင်းပန်ပန်
နဲ့ထပ်ပြောလိုက်တယ်…ဒီတော့ကိုကျီးက…နေဦးကွငါတို့လေထဲပျံတာအတောင်
်နှစ်ဖက်ကိုဖြန့်ပြီးအားနဲ့ပျံတာပဲ   ဒီတော့… ဟာဟုတ်ပြီအကြံတစ်ခုတော့ရပြီ
မင်းမှာ အတောင်ပံမရှိတော့ ဟောဟိုသစ်ပင်က  အရွက်ကြီးကြီးနှစ်ရွက်  ကိုမင်းရဲ့လက်မှာကပ်ချည်ပြီး  အားရပါးရလက်ကိုခတ်ပြီး  ပျံကြည့်ပေါ့..လို့အကြံပေးလိုက်
တယ်ကြွက်လေးလည်းအရမ်းပျံချင်နေတဲ့သူဆိုတော့ဖြစ်နိုင်မဖြစ်နိုင်သိပ်မစဉ်းစားတော့ဘဲ..ဟုတ်တယ်ဟုတ်တယ် ခင်ဗျားပြောတဲ့နည်းမဆိုးဘူး လုပ်ကြည့်ရမယ်။
ကျုပ်ပျံနိုင်ရင်တော့တော်တော်ပျော်စရာကောင်းမှာ..လို့ပြန်ပြောလိုက်တယ်။အဲဒီနောက်မှာတော့ကြွက်ကလေးဟာကိုကျီးပြောတဲ့အတိုင်းသူရဲ့
လက်နှစ်ဘက်ကိုသစ်ရွက်
နှစ်ရွက် နဲ့ ကပ်ချည်ပြီး… ဟားဟားသစ်ရွက်တော့တပ်ပြီးသွားပြီလေထဲပျံဝဲတက်သွားအောင် ကျုပ်ရဲ့ လက်နှစ်ဘက်ကို ခတ်ကြည့်ရမယ်…လို့အောင်ဟစ်ကာလက်ကို
အဆက်မပြတ် ခတ်ကြည့်သတဲ့။
ဖလပ် ဖလပ် ဖလပ် …အမယ်လေး မလွယ်ပါလား ။လက်သာပြုတ်ထွက်တော့
မယ်မြေကြီးပေါ်ကနေ တစ်လက်မလောက်တောင်လေထဲကို ပျံမတက်ပါလား.. လို့ညည်းညူလိုက်တယ်။ ဒီတော့ကိုကျီးက…ဟာမင်းကပျံတဲ့အကျင့်မှ မရှိသေး
တာ။ဒီတော့မြေပြင်မှာခတ်နေမယ့် အစား ဟိုသစ်ပင်ကြီးပေါ်တက်ပြီးအရှိန်နဲ့
ခုန်ချကြည့်ပေါ့။ဒါမှလေထဲမှာပျံဝဲပြီး ပျံတက်လာမှာပဲ … လို့အားပေးစကားပြော
လိုက် တယ်။
    ကြွက်လေးလည်းပထမနည်းနဲ့ မအောင်မြင်တော့နောက်တစ်နည်းနဲ့စမ်း
ကြည့်ဖို့ သဘောတူလိုက်တယ်။ ဟာ ကိုကျီးအကြံမဆိုးဘူး လုပ်ကြည့်မယ်။
လို့ပြော ပြောဆိုဆိုနဲ့ သစ်ပင်ပေါ်တက်ပြီး ခုန်ကြည့်လိုက်တယ်။ ဒီတစ်ခါမှာတော့ ကြွက်ကလေးဟာ လေထဲမှာ ပျံဝဲ မနေဘဲမြေပြင်ပေါ်ကို ဘုတ်ခနဲ ပြူတ်ကျသွား
တော့တယ်။အမယ်လေးသေပါပြီဗျ…လို့အောင်လိုက်မိတယ်။
   ကိုကျီးလည်း သူ့အကြံမအောင်မြင်တော့ လစ်ပြေးတော့တာပေါ့။ ဒါပေမယ့်
ကြွက်ကလေးဟာအမှတ်မရှိသေးဘဲ နောက်တစ်ဦးဆီမှာ ထပ်ပြီးအကြံတောင်းဖို့ စဉ်းစားပြီး လမ်းလျောက်လာလိုက်တာ…ဟာဖိုးကြွက်လက်မှာသစ်ရွက်တွေကပ်
လို့ဘာလုပ် ဖို့လဲ..လို့ကိုကြက်ဖက နှုတ်ဆက်လိုက်မှ ကိုကြက်ဖဆီမှာအကူအညီ တောင်းဖို့သတိရသွား တော့တယ်။
ဒါနဲ့ကြွက်လေးက…ကျွန်တော်လေထဲမှာ ပျံချင်လို့ လေ့ကျင့်နေတာ ခင်ဗျားမှာ နည်းလေးဘာလေးရှိရင် သင်ပေးစမ်းပါဦး …လို့ကြက်ဖကြီးကို အကူအညီတောင်းလိုက်တယ်။ကိုကြက်ဖက..ဒါလားလွယ်ပါတယ် မင်းကို ငါလက်တွေ့သင်ပြမယ်။ကဲဟောဒီိလို သစ်ပင်ပေါ်ကိုအရင်ခုန်တက်ပြီးတော့
ဒီလိုတောင်ပံကိုဖြန့် ခေါင်းကိုမော့ပြီး ခြေထောက်နဲ့ကန်ပြီးဆင်းလိုက်…လို့ဆိုပြီး သစ်ပင်ပေါ်ကနေ ခုန်ပြီးပျံပြတာပေါ့။ဒါနဲ့ကြွက်လေးလည်း ပျံကြည့်ဖို့လုပ်တော့ကိုကြက်ဖက..
နေဦးကွမင်းလက်ကသစ်ရွက်တွေကလေးတယ် ခတ်လို့ မကောင်းဘူးဒီတော့ငါ့ဆီက အတောင်သုံးလေးချောင်းနှုတ်ပြီးမင်းရဲ့ကိုယ်မှာ အတောင်တွေ သေချာတပ်ပေးမယ်…
နောက်ပြီးကြာကြာပျံဝဲလို့ရအောင် ဟိုးနားက ကျောက်တောင် စွန်းပေါ်ကနေတက်ပြီး ခုန်ချကြည့်..လို့ပြောပြောဆိုဆိုနဲ့သူကိုယ်ကအတောင်တွေ နှုတ်ပေး လိုက်တယ်..
ကိုကြက်ဖပြောတဲ့အတိုင်းကြွက် ကလေးဟာ ပြေးသွားပြီး ကျောက်တောင်စွန်းကနေတစ်ခါတည်းခုန်ချလိုက်တာ အပေါ်ကိုပျံဝဲတက်လို့မရဘဲ အောက်ဘက်ကို ဇောက်ထိုး ပြုတ်ကျတော့သတဲ့။ကြွက်လေးပြုတ်ကျနေတာကို အနီးအနားက ဖြတ်ပျံသွားတဲ့  ငှက်ကြီးတစ်ကောင်ကတွေ့လို့အောက်မကျခင်အချိန်မီလေးသူ့ရဲ့ကျောနဲ့ဝင်ခံပေးလိုက်
ပါရောကွယ်။  ကြောက်ကြောက်လန့်လန့်နဲ့ပြုတ်ကျလာတဲ့ကြွက်လေးဟာ ငှက်ကြီးရဲ့ ကိုယ်
ပေါ်ကိုဘုတ်ခနဲ ကျတော့မှ သူ့ကိုယ်သူ မသေနိုင်တော့ဘူးဆိုပြီး ဝမ်းသာသွား
တော့တယ်။
    ဒီတော့မှငှက်ကြီးက..မင်းလုပ်တာအားလုံးအစအဆုံးငါကြည့်နေတာကွ
မင်းဟာမဖြစ်နိုင်တာကို စိတ်ကူးတွေယဉ်ပြီး ဇွတ်လုပ်နေတာပဲကိုး ဟိုးအောက်ဘက်ကို သေချာကြည့်စမ်း ကျောက်တုံး ကျောက်ခဲတွေနဲ့ကံကောင်း
လို့မင်းမသေတာ…လို့သူ့ကိုပြောပြလိုက်တယ်။
    ကြွက်လေးလည်း …ကျေးဇူးပါပဲ ဒေါ်ငှက်မသာမကယ်ရင် ကျွန်တော်တော့ အရိုးတခြား အသားတစ်ခြား ဖြစ်လောက်ပြီ …လို့ပြန်ပြောတာပေါ့။ဒီတော့ ဒေါ်
ငှက်မက…အေး မင်း နောင်တရပြီဆိုရင် နောင်ကို ကိုယ့်သဘာဝပေးတဲ့ အတိုင်း
နေပါကွယ်။ မဖြစ်နိုင်တာကို အားမကျပါနဲ့ ဟုတ်ပြီလား…လို့ ဆုံးမလိုက်သတဲ့။ကြွက်ကလေးလည်း ဒေါ်ငှက်ကိုကျေးဇူးတင်ကြောင်ပြောပြီး ကိုယ့်သဘာဝ
ပေးအခြေအနေအတိုင်းပဲ နေထိုင်သွားဖို့ ဆုံးဖြတ်လိုက်တော့တယ်။
                          
  ပြီး 

မိကျောင်းနဲ့ မျောက်

 တစ်ခါတုန်းကပေါကွယ်တောအုပ်ကြီးတစ်ခုမှာ၊မိကျောင်းလင်မယားတို့ရှိကြ
တယ်မှောင်ခင်လေမျောက်ရဲ့အသည်းနှလုံးကိုစားချင်နေတယ်၊မောင်ကြံဆောင်
ပေးနိုင်မလား၊မောင့်ရဲ့အစွမ်းအစဘယ်လောက်ရှိမလဲဆိုကိုခင်သိချင်တယ်။
အင်းငါ့မိန်းမတော့ငါ့ကိုချွဲနေပြီ၊ဒါများကွာရအောင်ရှာပေးပါ့မယ်၊ဒီလိုနဲ့မိကျောင်းကြီး ဟာမျောက်အရှာထွက်လာခဲ့တော့သတဲ့၊ကွိကွိကွကွ၊မျောက်ကျွန်းကြီးပါလား
၊မကြာခင်မှာမိကျောင်းကြီးဟာမျောက်တွေစံပျော်ရာကျွန်းကြီးတစ်ကျွန်းကို
ရောက်သွားလေတယ်၊အဲမျောက်တွေအများကြီးပါလားငါ့အကြံတော့အောင်ပြီ၊
မိကျောင်းကြီးဟာကျွန်းပေါ်ကိုရောက်တော့အေးအေးဆေးဆေးထိုင်နေတဲ့မျောက်ကြီး တစ်ကောင်ကိုတွေ့ရတယ်၊အိုးခေ၊ဗျို့ကိုမျောက်ကြီး၊ဒီကျွန်းမှာခင်ဗျားတို့
မျောက်တွေကတအားများတော့စားစရာအသီးအနှံတွေအတော်ရှားမှာပဲနော်၊
ဘယ့်နှယ်ပြောပါလိမ့်ဗျာရှားတာပေါ့၊ကျုပ်တို့အစာဖြစ်တဲ့ငှက်ပျောသီးကိုမစားရတာ
နှစ်ပေါက်နေပြီ၊မြင်ရင်တောင်မှတ်မိပါ့မလားမသိဘူး၊အင်းဒါဆိုကျုပ်ပြောပြပါ့မယ်။ဒီ
ချောင်းကြီးရဲ့ဟိုဘက်တောအုပ်မှာသစ်သီးဝလံတွေသိပ်ပေါတာပဲ၊ခင်ဗျားတို့ သိပ်ကြိုက်တဲ့ငှက်ပျောသီးတွေဟာအလေ့ကျပေါက်ပြီးသီးနေလိုက်တာစားမယ့်
လူတောင်အဲ၊စားမယ့်မျောက်တွေတစ်ကောင်မှမရှိဘူး၊ဒီအခါမျောက်ကြီးဟာ
သိပ်သဘောကျသွားတာပေါ့။ဟာဒါဆိုအဲဒီကိုသိသွားချင်တာပေါ့၊ဒါပေမယ့်
ကျုပ်တို့ကရေမကူးတတ်လို့ခက်နေတာဗျ၊ဒါများဗျာလွယ်ပါတယ်ကျုပ်ရဲ့
ကျောပေါ်တက်လိုက်ပါ၊စေတနာဝန်ထမ်းကူညီပေးးရတာပေါ့ဟဲဟဲ
၊အဲဒီနောက်မျောက်ကြီးဟာမိကျောင်းရဲ့ကျောပေါ်ကိုတက်လိုက်သတဲ့၊
ပြီးတော့သူတို့ဟာတစ်ဘက်ကမ်းကိုကူးသွားကြတော့လေတယ်၊ဟီးဟီးဇိမ်ပဲ၊
သေချာကိုင်ထားနော်ကိုမျောက်ကြီးမကြာခင်မှာသူတို့ဟာရေလည်ကိုရောက်သွားကြတာပေါ့၊ဒီအခိုက်မှာမိကျောင်းကြီးကရေထဲကိုထိုးဆင်း
ပြီးရေမကူးတတ်တဲ့မျောက်ကိုသတ်ဖို့လုပ်တော့သတဲ့၊အိုးဘယ့်နှယ့်လုပ်တာတုန်းဦးမိကျောင်းရဲ့၊ဒီဒီလိုမကျီစားပါနဲ့ဗျာကျုပ်ကြောက်လို့ပါ၊
ဟားဟားဟားခင်ဗျားကိုရေနှစ်သတ်မလို့၊ကျုပ်ရဲ့မိန်းမကမျောက်ရဲ့အသည်းနှလုံးကိုမှစားချင်ဆိုလို့ဗျ၊ဒါများကိုမိကျောင်းရာ
ကျုပ်ကိုယ်တိုင်ထုတ်ပေးမှာပေါ့ဗျာ၊ကျုပ်တို့ဟာသစ်ပင်ပေါ်ကူးလိုက်ခုန်လိုက်နဲ့ဝေးဟေးဝေဟင်မှာလေဟုန်စီးရီးလေးလွှဲခိုတာရယ်၊မျက်စိနောက်အောင်တစ်နေကုန်
ဆော့တဲ့အမျိုး၊ဆော့မှာပဲဆော့မှာပဲကျွန်မကိုမတားနဲ၊ဒီတော့အသည်းနှလုံးဟာလှုပ် ရှားရလွန်းလို့ပြုတ်ကျပျက်စီးမှာပေါ့၊ဟေ့ငါ့အသည်းနှလုံးတွေ့မိလား၊သိဘူးလေ၊ဒါကြောင့်အသည်းနှလုံးကို
ကျုပ်တို့နေတဲ့ကျွန်းပေါ်ကရေသဖမ်းပင်ပေါ်မှာချိတ်ဆွဲထားရတယ်၊ပေါက်ကရတွေ၊ခင်ဗျားကျုပ်ကိုကျုပ်တို့တွေနေတဲ့ကမ်းပေါ်ပို့ပေး၊မျောက်သားတော့စားရတော့မယ်
အဟိ၊ရေသဖန်းပင်ပေါ်ကကျုပ်ရဲ့အသည်းနှလုံးကိုဖြုတ်ပေးပါ့မယ်၊မျောက်ကြီးကပရိယယ်နဲ့ပြောတဲ့စကားကိုမိကျောင်းကြီးကယုံကြည်သွားလေတယ်၊ကောင်းပြီ
ခင်ဗျားသာကတိတည်ပါစေ၊ဒိလိုနဲ့မိကျောင်းကြီးဟာမျောက်ကိုသူတို့နေထိုင်တဲ့ ကျွန်းကိုလိုက်ပို့ပေးပြန်သတဲ့၊ဟိုမှာတွေ့လား၊ကမ်းကိုရောက်ကာနီးတော့
အသီးနီနီရဲရဲတွေပြွတ်သိပ်သီးနေတဲ့ရေဖန်းပင်ကိုမျောက်ကပြလိုက်၊ကျုပ်တို့မျောက်တွေရဲ့အသည်းနှလုံးကိုသစ်ပင်အပေါ်တင်ထားတာ၊ ဒီလိုနဲ့မျောက်ကို ကျောပေါ်တင်လာတဲ့မိကျောင်းကြီးဟာကမ်းကိုကပ်လိုက်၊ကဲ၊ သစ်ပင်ပေါ်
အမြန်တက်မှ၊ငါပြောတာကိုယုံတဲ့မိကျောင်းကဲဟာကဲဟာ၊မျောက်ဟာကမ်းရောက်တာနဲ့သဖန်းပင်ပေါ်ကိုအမြန်တက်ပြီးမိကျောင်းကြီးကိုသဖန်းသီးတွေနဲ့
ပစ်ပေါက်တော့လေ၊ကဲရော့အဲဒါကျုပ်ရဲ့အသည်းနှလုံး၊တော်တော်အတဲ့မိကျောင်း၊
ဒီအခါမိကျောင်းကြီးဟာလူးလှိမ့်ပြီးခံနေရရှာ..တုံခွပ်တုံဝှစ်၊ကြာတော့မိကျောင်းကြီး
ဟာငြိမ်ကျသွားတော့၊အဲမိကျောင်းကြီးငြိမ်သွားပြီ၊ငါ့အသီးတွေနဲ့ပစ်ပေါက်လိုက်လို့
မူးမေ့သွားတာထင်ပါရဲ့၊သူအမူးပြေရင်ရေထဲပြန်ကူးသွားမှာပဲ၊ငါအောက်ကိုဆင်းလို့
သူအမူးပြေလာရင်၊မတော်ကုန်းထလာလို့များငါနဲ့တိုးလို့ကတော့အခက်ပဲ၊အောက်
ကိုမဆင်းရဲဘူး၊ဒီလိုနဲ့မျောက်ကြီးဟာကြောက်လန့်ပြီးတော့သစ်ပင်ပေါ်မှာ
နေရတော့၏၊အဲဒီနောက်နှစ်ရက်ခန့်ကြာသွား၊ဟာခုထိမိကျောင်းကြီးမြက်တောထဲ
မှာမလှုပ်မယှက်နဲ့ပါလား၊ဒါဆိုငါသစ်သီးတွေနဲ့ပေါက်တာလက်သံပြောင်သွားလို့
သေသွားတာပဲဖြစ်ရမယ်၊အဟဲငါဟာအောင်နိုင်သူပဲအဟီး၊သစ်ပင်ပေါ်ကရဲရဲဆင်းလို့
ရပြီ၊အသေကောင်ကြီးအပေါ်နင်းလိုက်ဦးမယ်၊မျောက်ဟာသစ်တုံးကြီးလိုဖြစ်နေတဲ့မိကျောင်းရဲ့ကိုယ်ပေါ်ကိုလှမ်းအတက်မှာမိကျောင်းကြီးက
လျှင်မြန်စွာနဲ့ကိုက်ပြီးစားပစ်လိုက်တော့၏၊ဂွပ်၊အ၊ဟားဟားငမျောက်ရယ်တို့မိကျောင်းတွေဟာအစာကိုတွေ့ရင်အဲဒီအစာဟာသစ်ပင်အပေါ်တက်ပြေး
လည်းအောက်ကနေအသေကောင်လို မလှုပ်မယှက်နဲ့လေးငါးရက်အထိအစာငတ်ခံပြီး စောင့်ဖမ်းစားတတ်တဲ့အကျင့်ရှိတာမင်းမသိတော့ခုအငါ့အစာဖြစ်ပြီပေါ့ကွာဟီး၊အဲဒီနောက်
မိကျောက်းကြီးဟာသူ့မိန်းမအတွက်ချန်ထားတဲ့အသည်းနှလုံးကိုယူသွားပြီးရေထဲကိုငုပ်သွားတော့လေ
သတည်း...၊ 
                                                                      ပြီး

အလှမက်တာကြောင့်

 
 တစ်ခါကအအေးပိုင်းဒေသတစ်ခုမှာအဝါရောင်သစ်ရွက်တွေနဲ့အရမ်းကိုလှပတဲ့
သစ်ပင်တွေ့မြင်တဲ့သူတိုင်းကသစ်ပင်နှစ်ပင်ဟာအရမ်းလှတယ်လို့ချီးမွမ်းကြတယ် ဒီသစ်ပင်နှစ်ပင်ကရွှေဝါရောင်သစ်ရွက်တွေနဲ့လှတယ်နော်..ဒီလိုနဲ့ဆောင်းရာသီ
ဝင်ခါနီးအချိန်ကိုရောက်ရှိလာတယ်..ပထမသစ်ပင်ဟာသူ့ရဲ့သစ်ရွက်တွေအားလုံး
ကိုချွေချလိုက်တယ်..ဒီအခါပင်စည်နဲ့အကိုင်းတွေပဲကျန်တော့သတဲ့..ဒီတော့တွေ့
တဲ့လူတွေကရုပ်ဆိုးလိုက်တာလို့ပြောသွားကြတာပေါ့...ဒုတိယသစ်ပင်ကတော့သူ့ ရဲ့အရွက်တွေကိုချွေချလိုက်ရင်အလှပျက်သွားမှာစိုးရိမ်နေတယ်..ဒါကြောင့်လူ
တွေကသူ့ကိုလှတယ်လို့ပြောတာပဲလိုချင်နေတယ်..ဒါနဲ့ပဲသစ်ရွက်တွေကိုချွေ
မချဘဲနေသတဲ့..ဒီအခါပထမသစ်ပင်ကဆောင်းရာသီရောက်ခါနီးလို့သူ့ကိုသတိပေး
တာပေါ့။သူငယ်ချင်းဆောင်းရာသီဝင်တော့မယ်မင်းရဲ့အရွက်တွေကိုချွေချတော့..
.ဒုတိယသစ်ပင်ကတော့သူ့ရဲ့အလှမပျက်ဖို့သာစဉ်းစားပြီးမသိချင်ယောင်ဆောင်
နေသတဲ့။လူတွေကသစ်ပင်နှစ်ပင်ကိုကြည့်ပြီးဝေဖန်ကြတာ့ပေါ့..ဟွန်းတစ်ပင်က
လှသလောက်တစ်ပင်ကရုပ်ဆိုးလိုက်တာ..ဒီလိုနဲ့ဆောင်းရာသီကိုရောက်လာတော့
တယ်..ဒီအခါရာသီဥတုဟာအေးလာပြီးနှင်းတေါကျလာတော့သတဲ့..နှင်းတွေဟာ
ပထပစ်ပင်ပေါ်မှာတင်မနေဘဲအကိုင်းနဲ့ပင်စည်တ်လျှောက်လျှောကျသွားတော့တ
ပေါ့..ဒုတိယသစ်ပင်ပေါ်မှာတော့နှင်းဖက်တွေဟာအပြည့်တင်နေတော့တယ်..
ဒီလိုနဲ့နှင်းတွေအရမ်းကျတဲ့ညတစ်ညမှာသစ်ပင်ပြိုလဲတဲ့အသံကိုပထမသစ်ပင်က
ကြားလိုက်ရတယ်၊ပထမသစ်ပင်ကလှမ်းကြည့်ပေမယ့်မှောင်နေလို့ဘာမှမမြင်ရဘူး
ပေါ့..ဒါကြောင့်မိုးမြန်မြန်လင်းဖို့သာဆုတောင်းနေမိတော့တယ်၊မနက်မိုးလင်းလာတဲ့
အခါမှာတော့ဒုတိယသစ်ပင်ဟာပင်စည်ကထက်ပိုင်ကျိုးကျပြီးလဲကျနေတာတွေ့လိုက်ရသတဲ့
ဟင်သူငယ်ချင်းဘယ်လိုဖြစ်ရတာလဲ၊ညဘက်ကနှင်းတွေတအားကျတော့နှင်းဖတ်တွေရဲ့အလေးချိန်ကိုမခံနိုင်ဘဲထက်ပိုင်းကျိုးကျတာလေ၊ငါ့ရဲ့
အရွက်တွေပေါ်မှာနှင်းဖတ်တွေကမတန်တဆတင်ပြီးကပ်နေကြလို့ပေါ့၊ငါကလူတွေချီးမွမ်းလို့အလှမက်ပြီးသစ်ရွက်တွေကိုချွေမချမိခဲ့ဘူးလေ၊
ဒါကြောင့်အခုတော့ငါ့ရဲ့ပင်စည်ကျိုးသွားပြီမင်းလိုမျိုးအကိုင်းအခက်တွေနဲ့ဝေဆာနေဖို့နောက်လေးငါးနှစ်လောက်ဒီလိုရုပ်ပျက်
ဆင်းပျက်နေရဦးမယ်၊မင်းကတော့ဒီဆောင်းရာသီကုန်လို့နွေဦးရောက်တာနဲ့ရွက်ဝါတွေထွက်လာလို့ရှိရင်အရမ်းလှသွားပြီပေါ့ကွာ၊
ဒုထိယသစ်ပင်ဟာအခြေအနေနဲ့အချိန်အခါကိုမသိဘဲအလှအပကိုတွယ်တာနေမိတဲ့ သူ့ရဲ့အမှားကိုနောင်တရနေမိတော့သတဲ့ကွယ်..။
Photobucket

Jailbreak Wizard

Error: Embedded data could not be displayed.

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host