Blogger Widgets
IP

Thursday

မြန်မာလက်ကွက် လေ့ကျင့်ဖို့ ဆော့ဝဲ

မြန်မာလက်ကွက် မကျွမ်းကျင်သေးသောသူများအတွက်ပါ။ ဒါပေ့မယ့် ဒီလိုဆော့ဝဲလေးတွေကို အင်တာနက် မသုံးတဲ့သူ တွေ အတွက်ပိုကောင်း တယ်လို့ထင်တယ်။ ကွန်ပျုတာနဲ့ စတင်ထိတွေ့မယ့် လူတွေအတွက်အသုံးဝင်ပါတယ်။ ကျွန်တော်စသင်တုန်းက လည်း ဒီလို Typing လေးတွေနဲ့ ပဲသင်ခဲ့ရတယ်။ မြန်မာဖောင့်တော့ မဟုတ်ဘူးပေါ့။ ကဲလေကြောရှည်နေမိပြီ။ အသုံးလိုမည့်သူများ အောက် မှာ ဒေါင်းယူလိုက်ပါ။  



To download >> Mediafire 
To download >> Adrive


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ကျနော့်ဆိုဒ်လေးကို Android မှာ ကြည့်နိုင်ပါပြီ.

ကျနော့်ဆိုဒ်လေးကို Android ဖုန်းပေါ်ကနေ ကြည့်ချင်တဲ့လူတွေ အတွက် Android app လေး လုပ်ပြီး တင်ပေးလိုက်ပါပြီခင်ဗျာ..။ ကိုယ့်ဖုန်းမှာသွင်းထားပြီး ဖုန်းအင်တာနက် ဖွင့်ပြီး ကိုယ်ကြည့် ချင်တဲ့ အချိန် ကြည့်လို့ ရပါပြီ.။ ပြန်ဖျက်ချင်ရင်လဲ တခြား App တွေလိုပဲ ပြန်ဖျက်လို့ ရပါတယ်ခင်ဗျာ..။ လိုချင်ရင် အောက်မှာ ဒေါင်းယူလိုက်ပါခင်ဗျာ.။ ဒီအတိုင်းဒေါင်းဖို့ လင့်ကော QR Code နဲ့ ပါ တင်ပေး ထားပါတယ်ခင်ဗျာ.။










Download from Ziddu >> 

Download from 4shared >>

 အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

Wednesday

iTune Error 1602 ဖြေရှင်းရန်

Apple ကတရားဝင် ပြောထားတဲ့ရှင်းပုံရှင်းနည်းက တော့ iTune နှင့် တစ်ကွ Apple mobile Devices တွေကို Support လုပ်ပေးနေတဲ့ Programs တွေကို မိမိစက်ထဲကနေပြီးတော့ UNINSTALL လုပ်ပြီး မှ iTune Latest Version ကို Install ပြန်လုပ်ပါလို့  ဆိုထားပါတယ်...

Programs တွေကို UNINSTALL လုပ်ရမယ့်ပုံစံ အဆင့်ဆင့်ကတော့

Use the Control Panel to uninstall iTunes and related software components in the following order:

1. iTunes
2. QuickTime
3. Apple Software Update
4. Apple Mobile Device Support
5. Bonjour
6. Apple Application Support (iTunes 9 or later)

Important: You may see various alert messages if you uninstall these applications in a different order or only uninstall certain components.

iTune Error (0xE8000065) ဖြေရှင်းရန်


25 Nov 2010 တုန်းက Cbox မှာ နိုးတူး မေးခဲ့တဲ့ မေးခွန်းလေး ရဲ့  အဖြေပါ..

မေး : ကိုမိုး ဖြစ်နိုင်ရင်ကူညီပေးပါအုံး..
"iTunes could not connect to this iPhone because an unknown error occured (0xE8000065)" အဲဒီ error တက်နေလို့.. itunes နဲ့ ချိတ်လို့မရဘူး.. WinSCP နဲ့လည်းချိတ်လို့မရဘူး

ဖြေ : iPhone ကို iTune နဲ့  ချိပ်ဆက်လိုက်တဲ့ အခါမှာ ဖြစ်တတ်တဲ့ Error တစ်ခုပါ ဒါပေမယ့် ဖြစ်ခဲပါတယ်..
ဘာကြောင့်ဖြစ်တာလဲဆိုရင်တော့ အကြောင်းကြောင်း ကြောင့် လို့ ပဲအဖြေပေးလိုက်ပါရစေ။
နိုးတူး ဒီမေးခွန်းကို မေးတဲ့အချိန်မှာ ကျွန်တော့်မှာ အတွေ့ ကြုံမရှိတာကြောင့် ချက်ခြင်း ပြန်မဖြေနိုင်ခဲ့ပါဘူး ဒါပေမယ့် သူကပဲ မေတ္တာတွေပို့  နေလို့ လားတော့ မသိဘူး ၂၈ ရက်နေ့ မှာပဲ တိုက်တိုက် ဆိုင်ဆိုင် ကျွန်တော် ကိုယ်တိုင် ဒီပြဿနာနဲ့  ရင်ဆိုင်ခဲ့ရပါတယ်...

ဖြစ်ပျက်ပုံကတော့ ဒီလိုပါ သူငယ်ချင်းတစ်ယောက် (မြန်မာကီးဘုတ် ပျက်မှာစိုးလို့  ပေခံနေသူ) ရဲ့  3Gs(iOS 3.1.3) ကို iOS 4.1 (မြန်မာကီးဘုတ် ရပြီဆိုလို့ ) iTune မှ နေပြီးတိုက်ရိုက် Restore နဲ့  iOS 4.1Restore ကို တင်လိုက်ရာမှာ Crash ဖြစ်ပြီး ဒီ "unknown error occured (0xE8000065)" Error တက်လာပါလေရော...
ကျွန်တော် စိတ်ညစ်သွားတယ် ဒါပေမယ့်လဲ ကိုယ်တိုင်ကိုယ်ကျ စမ်းလို့ ရပြီကွ ဆိုပြီး နဲနဲတော့ ပျော်သွားတယ်...
နည်းလမ်းကို စုံသွားတာပဲ ဒါပေမယ့် နောက်ဆုံးမှာတော့ အောင်မြင်စွာနဲ့  ကယ်တင်လိုက်နိုင်ပါတယ်..

(0xE8000065)Error ဖြေရှင်းနည်းများ

၁) ပထမ ဖြေရှင်းနည်းတစ်ခု ကတော့ ရိုးရိုးလေးပါ USB Cord ကို ပြောင်းပြီးသုံးကြည့်ပါ။

၂) ဒုတိယနည်း ကတော့ ဖြစ်နိုင်ခြေရှိပါတယ် iPhone ကို PC နှင့်ချိပ်ဆက်ထားပါ Error message ပေါ်လာပေမယ့် ဒီအတိုင်း ချိပ်ထားပြီး iPhone ကို Power OFF ပေးလိုက်ပါ။ ၁၀စက္ကန့် လောက်ကြာမှ Power ON ပေးလိုက်ပါ (သတိထားရမှာ ကတော့ PC နှင့် iPhone ကို တောက်လျှောက်ချိပ်ထားပေးဖို့ ပါ) အချို့ လူတွေ အတွက် ဒီနည်းက အဆင်ပြေပါတယ်။

၃) တတိယနည်း ကတော့ iTune Uninstall လုပ်ပြီး မှ အစ/အဆုံး ပြန် INSTALL လုပ်ပေးလိုက်ပါ
Programs တွေကို UNINSTALL လုပ်ရမယ့်ပုံစံ အဆင့်ဆင့်ကတော့

Use the Control Panel to uninstall iTunes and related software components in the following order:

1. iTunes
2. QuickTime
3. Apple Software Update
4. Apple Mobile Device Support
5. Bonjour
6. Apple Application Support

** ဒီနည်းနဲ့  ကျွန်တော် အဆင်ပြေသွားခဲ့တာပါ...

၎) စတုထ္တနည်း ကတော့ Apple Device Setting ကို Administrator mode ပြောင်းပေးခြင်းပါ..
Task Manager window ပေါ်ရန် ကီးဘုတ်မှ (Ctrl+Alt+Del) နှိပ်ပါ Process tab ရဲ့  အောက်နားက "Show processes from all users" ကိုနှိပ်ပေးလိုက်ပါ။


ပြီးရင် "AppleMobileDeviceService.exe" ကိုရှာပါ တွေ့ ရင် Right Click နှိပ်ပြီး "Properties" ကိုရွေးပါ Box ပေါ်လာလျှင် “Compatibility” tab ထဲမှာ "Run this program in compatibility mode for" ကို အမှန်ဖြစ်ရွေးပေးလိုက်ပြီး "Vista SP2" ကိုရွေးပြီး အောက်ဆုံးက "Run this program as an administrator" ကို အမှန်ဖြစ်ရွေးပေးလိုက်ပါ...

မှတ်ချက်။ ။ ကျွန်တော်ကတော့ "Vista SP2" ဆိုတာကို ရှာမတွေ့ ပါဘူး




အထက်ပါ နည်းလမ်းများမှ တစ်ခုခုနှင့် အဆင်ပြေနိုင်ကြပါစေ ကျွန်တော်ကတော့ တတိယနည်းနဲ့  အဆင်ပြေသွား ပါတယ်...

Installous ipa Error အတွက် ဆေးမြီးတို


Installous အသုံးပြုပြီး cracked App တွေကို iPhone ကတိုက်ရိုက် ဆွဲနေကြတဲ့ မိတ်ဆွေတွေဆီက အခုတစ်လောမှာ ဆက်တိုက် ဆိုသလို တွေ့ ကြုံနေကြရတဲ့ ပြဿနာကတော့ Download Link တွေကျမလာပဲ "Permission Deny" ဆိုပြီး ပေါ်လာတတ်တာပါပဲ... ဒီအခါမှာ ဘာ App ကိုမှ Download လုပ်လို့  မရတော့ဘူးပေါ့ဗျာ..
ဒီပြဿနာက Installous သုံးနေကြတဲ့ သူအားလုံး တစ်ကြိမ်မှာမဟုတ် တစ်ကြိမ်မှာ လောလောဆယ် ရင်ဆိုင်နေကြရမှာပါ technical problem လား..? ဘာလဲ..? ဆိုတာတော့ မပြောနိုင်သေးပါဘူး...

ဥပမာအနေနဲ့  ဆေးလောက ရူ့ ဒေါင့်က ပြောမယ်ဆိုရင်တော့ Installous နှာစီး ချောင်းဆိုး ဖြစ်တာလောက်ပါပဲ၊ ဗေဒင်လောက အနေနဲ့ ဆိုရင်တော့ Installous က အညံ့ထဲမှာ ရောက်နေတာပေါ့။ ဘာကြောင့် ဒီလိုဥပမာ ပေးရတာလဲဆိုရင် နှာဆီး ချောင်းဆိုး ဆိုတာ ဆေးသောက်လိုက်ရင် ပျောက်တာပါပဲ ဒါပေမယ့် ဖြစ်ချင်ရင်လဲ ပြန်ဖြစ် တာပါပဲ ဒီလိုပဲ ဗေဒင်အရ အညံ့တွေ ဖြစ်နေပြီဆိုရင်လဲ ယတြာချေကြတယ် မဟုတ်လား...

ဆိုလိုချင်တာကတော့ တစ်ခါ ဆေးသောက်ရုံ ယတြာချေရုံနဲ့ တော့ တစ်သက်လုံး မကောင်းနိုင်ဘူး လို့  ပြောချင်တာပါ။
ဒီလိုဆိုတော့လဲ ပြန်ဖြစ်လာရင် ဆေးသောက်လိုက် ယတြာချေလိုက် ပြန်လုပ်ကြတာပေါ့ဗျာ..

ကျွန်တော့်ကို ဗိန္တောဆရာလို့ ပဲ ပြောပြော ဘိုးတော်လို့ ပဲ ခေါ်ခေါ် "Installous ipa Error" အတွက် ဆေးမြီတိုလေး ယတြာလေးတော့ ပေးလိုက်ပါ့မယ်ဗျာ...

Installous ဆေးမြီးတို (သို့ ) ယတြာ

** Installous ကို "cydia.hackulo.us" (သို့ ) "sinfuliphonerepo.com" တစ်ခုခု ကနေသွင်းထားပြီး Error တက်လာပြီ ဆိုကြပါစို့  **

STEP(1)
i) Cydia --> Manage --> Sources --> Edit --> Delete sign ပေါ်လာလျှင် Installous သွင်းထားသော အထက်ပါ Source တစ်ခုခုကို ဖျက်ပြစ်လိုက်ပါ..

ii) iPhone ကို Reboot လုပ်ပေးလိုက်ပါ။

STEP(2)
i) Cydia --> Manage --> Sources --> Edit --> Add မှာ cydia.hackulo.us ကိုပြန်ပြီး source မှာ ပြန်ရိုက်ထည့်ပေးလိုက်ပါ..

ii) Cydia --> Search ထဲကနေ Installous ကိုရိုက်ရှာပြီး ပြန် Install လုပ်ပေးပါ
မှတ်ချက်။ ။ Installous 3 ကို မရွေးပါနဲ့ 

STEP(3)
Install လုပ်ပြီးပါက "Installous App" ကို မဖွင့်သေးပဲ iPhone ကို Reboot အနည်းဆုံး (3)ကြိမ် ဖွင့်လိုက် ပိတ်လိုက် လုပ်ပေးပါ Reboot တစ်ခါနှင့် တစ်ခါကြားတွင် ၁၀ စက္ကန့် ခြားစီ စောင့်ပြီးမှ လုပ်ပါ။  


STEP(4)
i) Installous App ကိုဖွင့်ပါ အောက်ပါပုံအတိုင်း Caching... ဆိုပြီးပေါ်လာရပါမယ် ပြီးရင် Settings ကိုသွားပါ...



ii) Settings ထဲမှာ Install automatically ကို "ON" ပေးလိုက်ပါ

** နှစ်သက်ရာ App ကို Download ဆွဲနိုင်ပါပြီ "ipa Error" မလာတော့ပါဘူး Applications နှစ်ခု သုံးခုလောက် ဆွဲပြီးရင် "Install automatically" ကို ပြန် "OFF" ချင် Off ထားလို့ ရပါပြီ... **

အားလုံး အဆင်ပြေချောမွေ့ ကြပါစေဗျား....

iTunes Error 1015 ဖြေရှင်းနည်း

iPhone ရဲ့  Firmware ကို Downgrade,Upgrade ပဲဖြစ်ဖြစ် တစ်ခုခုမတော်တစ်ဆ ဖြစ်ခဲ့ရင် iTunes error တစ်မျိုးမဟုတ် တစ်မျိုး ပေါ်လာတတ်ပါတယ်။ ကျွန်တော့်ထံ စာရေးသားဆက်သွယ်လာသူ တစ်ဦးဆိုရင် Firmware ကို ရိုးရိုး update လုပ်တာပါပဲ ဒါပေမယ့် ဖြစ်ချင်တော့ update လုပ်နေစဉ် လိုင်းပျက်ကျသွားလို့  Restore ပြန်လုပ်တဲ့ အခါမှာ iTune error 1015 ဆိုပြီးတတ်လာပြီး ဘာမှဆက်လုပ်လို့ မရတော့ဘူးလို့  ပြောပါတယ်။

ဘာကြောင့်ပဲ ဖြစ်ဖြစ် iTune error 1015 ကိုဖြေရှင်းဖို့  အောက်ပါ နည်းလမ်းလေးကို ရှာဖွေတင်ပြလိုက်ပါတယ်..

iTune error 1015 ကို ဖြေရှင်းရန် အတွက် လိုအပ်သော Software များကို အောက်တွင် အရင် Download ရယူပါ..

Download Software

1> LibUSB
(i)  32Bit (Win)
(ii) 64Bit (Win)

2> Error 1015 Fixer

လုပ်ငန်းစဉ်

၁) ပထမဦးစွာ LibUSB download လုပ်ပြီး Install အရင်လုပ်ပါ.. အောက်ပါပုံအတိုင်း ပေါ်လာသော Pop-up ညွှန်ကြားချက်အတိုင်း တစ်ဆင့်စီ ဆောင်ရွက်သွားပါ။


၂) Error 1015 Fixer ကို download လုပ်ပါ။

၃) iTune ကိုဖွင့်လိုက်ပါ error တက်လာပါက Error 1015 Fixer ကို Run လိုက်ပါ အောက်ပါပုံအတိုင်းတွေ့  မြင်ရပြီး "Fix My Error!" ကို နှိပ်ပေးလိုက်ပါ.. ဒါဆိုရင် error 1015 ကိုဖြေရှင်းပေးနိုင်ပါပြီ..


အားလုံးအဆင်ပြေကြပါစေ..

iTunes Error 3194 ဖြေရှင်းရန်

iPhone 3Gs ကစပြီး Apple ရဲ့  Device တွေကို Stock (သို့ ) Custom firmware တွေကို Restore လုပ်ရာတွင် Apple က SHSH Blobs (Signature HaSH) ကို သုံးပြီး Verified လုပ်ပြီးမှ firmware ကို install လုပ်ခွင့်ပေးပါတယ်။ အကြမ်းဖျင်းအားဖြင့် SHSH Blobs ကို သင့် Device အတွက် iTunes upgrade တံခါးတွေဖွင့်တဲ့ သော့တစ်ချောင်း အနေနဲ့ သာ သဘောပေါက် စေချင်ပါတယ်။

ဒီလို upgrade/downgrade တွေ အတွက် သော့ မှားဖွင့်မိတဲ့ အခါမှာ iTunes က verified မဖြစ်ပဲ ကျလာတဲ့ message ကတော့ "The ... could not be restored. An unknown error occurred (3194)" ဖြစ်နေတတ်ပါတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့ ဆိုရင်...


Tiny Umbrella က ကူညီနိုင်မှာပါ...

Download Tiny Umbrella (Official Site)

၁) Tiny Umbrella ကို စတင်လိုက်ပါ။

၂) "Advance" Tab ကိုသွားပါ။

၃) "Set Hosts to Cydia on exit" စာတန်းပါတဲ့ Box လေးကို UNTICK (အမှန်ခြစ်ဖြုတ်ပါ)။

၎) အမှန်ဖြစ် ဖြုတ်ပြီးပြီ ဆိုပါက အောက်ဆုံးနားရှိ " Apply Changes " ဆိုတဲ့ button လေးကို နှိပ်ပါ။

၅) ပြီးရင် Tiny Umbrella ကိုပိတ်ပြီး နောက်တစ်ကြိမ် သင့် Device ကို "Restore" ပြန်လုပ်ပါ။


အကယ်၍ Tiny Umbrella ကိုမသုံးပဲ ဒီပြဿနာကို ဖြေရှင်းချင်ရင်တော့ "host" file ကို ပြန်ပြင်ရပါလိမ့်မယ်၊ "host" file မှာပါတဲ့ gs.apple.com. ကိုညွှန်းသော စာကြောင်းတိုင်းကို ဖျက်ပစ်ပါ ပြီးရင် "Save" ပါ။

Host file လမ်းကြောင်း ကတော့
WINDOW အတွက်
C:\Windows\System32\drivers\etc\hosts

Mac အတွက်
/private/etc/hosts

iTunes Error 13019

iPhone, iPod ကို Sync လုပ်နေစဉ် iTunes မှ "An unknown error occurred (13019)" တက်လာခဲ့ရင် အနီးစပ်ဆုံး ဖြေရှင်းချက် အနေနဲ့  ကတော့ မိမိ iPhone (သို့ ) iPod ထဲမှာ သွင်းယူထားသော Voice memo များရှိ နေခဲ့ရင် ဖျပ်ပစ်ပြီးမှ iTunes နဲ့  ပြန် Sync လုပ်ပေးပါ။

အကယ်၍ မဖျက်ပစ်ချင်ကြဘူး ဆိုရင်တော့ Device နှင့် iTunes ချိပ်ပြီး စတင် Sync လုပ်နေချိန်တွင် Side ဆွဲပြီး Cancel လုပ်ပေးပါ။

ထိုနောက် iTunes တွင် မိမိ Device ကို Select ရွေးပြီး "Music" Tab ကိုသွားပြီး "Sync Music" ကို un_check အမှန်ဖြစ်ဖြုတ်ပြီးမှ Sync လုပ်ပေးလိုက်ပါ။


Sync လုပ်တာ အောင်မြင်သွားပြီ ဆိုမှ "Sync Music" ကို ပြန်ရွေးပေးလိုက်ပြီး နောက်တစ်ကြိမ် Sync ပြန်လုပ်ပေးလိုက်ပါ။
ဤနည်းလမ်းဖြင့် အချို့ လူတော်တော်များများ Error 13019 ကို ဖြတ်ကျော်သွားနိုင်ခဲ့ကြပါတယ်။

iTunes Error 16xx (1600, 1601, 1602, 1603, 1604) & 21

IPSW Restore ပြန်လုပ်တဲ့အချိန် (အထူးသဖြင့် 4.3.3 IPSW) မှာ ဖြစ်ပေါ်တတ်တဲ့ error လေးပါ။
ဒီ error က DFU mode ဝင်လိုက်ရင် ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

DFU Mode အတွက် အောက်တွင် နည်းလမ်း နှစ်သွယ် တင်ပြပေးထားပါတယ်...

နည်းလမ်း (၁)
DFU Mode (Manual)

၁) iDevice ကို PC နှင့် ချိပ်ဆက်ထားပြီး Power OFF ပါ။
၂) Home + Power button ကို ၁၀ စက္ကန့် နှိပ်ပေးပါ။
၃) ၁၀ စက္ကန့် ခန့်  နှိပ်ပြီးနောက် Power button ကို လွှတ်ပါ။ Home button ကိုတော့ iTunes က detect သိသည်ထိ နှိပ်ပေးထားပါ။
၎) iTunes မှ Shift + Restore နှိပ်ပြီး Firmware ကို Restore ပြန်လုပ်ပါ။

နည်းလမ်း(၂)
DFU mode ဝင်ရန် အထောက်ကူပြု အဖြစ် iREB software ကို အသုံးပြုနိုင်ပါတယ်...

၁) Download iREB (Win)
၂) iREB ကို Run လိုက်ပြီး မိမိ iDevice အမျိုးအစားကို ရွေးလိုက်ပါ။


၃) DFU mode ဝင်ရန် ညွှန်ကြားချက် အတိုင်း ဆောင်ရွက်ပါ။
၎) iTunes မှ Shift + Restore နှိပ်ပြီး Firmware ကို Restore ပြန်လုပ်ပါ။

အထက်ပါနည်းများနှင့် Error 16xx (1600, 1601, 1602, 1603, 1604) & 21 တို့ ကို ဖြေရှင်းနိုင်ပါလိမ့်မည်..

iTunes Error 1013,1014 & 1015

iTunes error 1013 သည် iOS 4.2.1 နှင့် iOS 4.3.3 တို့ ကို Update လုပ်သော အချိန်များတွင် ဖြစ်ပေါ်လေ့ ရှိသော Error များဖြစ်သည်။

ယင်း error များကို ဖြေရှင်းရန် နည်းလမ်း နှစ်သွယ်ဖြင့် တင်ပြပေးထားပါသည်။

နည်းလမ်း (၁)
Host file ကို ပြင်ဆင်ခြင်း

၁) My Computer -> Local Disk (C:) -> Windows -> System32 -> drivers -> etc -> hosts ကိုသွားပါ။
၂) "hosts" ကို Right click ထောက်ပြီး Copy ကူးယူပြီး Desktop တွင် Paste လိုက်ပါ။
၃) Desktop ရှိ "hosts" file ကို Note pad နှင့်ဖွင့်ပါ။
၎) "gs.apple.com" ပါရှိသော စာကြောင်းတိုင်းကို Delete လုပ်ပြီး Save ပါ။
၅) ယင်း Save ပြီးသော Desktop ရှိ "hosts" file ကို Copy ကူးပြီး အဆင့်(၁) တွင် ဖော်ပြထားသော လမ်းကြောင်းအတိုင်း Replace လုပ်ပေးလိုက်ပါ။
၆) Device ကို Restore ပြန်လုပ်ပါ။

နည်းလမ်း (၂)

၁) Download fixrecovery43 (Win)
၂) iTunes ကို ဖွင့်ထားပါပြီး fixrecovery43.exe ကို Run လိုက်ပါ။ ထို့ နောက် Device ကို DFU mode အောက်ပါ အတိုင်း ပြောင်းပါ။
၃) iDevice ကို Turn Off လုပ်ပါ။
၎) Home + Power button ကို ၁၀စက္ကန့် ခန့် နှိပ်ပါ။
၅) Power button ကို လွှတ်ပြီး Home button ကို fixrecovery43 က iDevice ကို Detect သိသည်ထိ နှိပ်ထားပါ။
၆) fixrecovery43 က Detect သိသွားပါက Screen ပေါ်မှာ ပုံတွင်ပြထားသကဲ့သို့  စာတန်းများတက်လာပါလိမ့်မည်။


အထက်ပါ အတိုင်း ဆောင်ရွက်သော်လည်း Recovery mode မှ မထွက်ခဲ့ပါက TinyUmbrella, RecBoot စသည်တို့ ဖြင့် ကြိုးစားနိုင်ပါသေးသည်။
Photobucket

Jailbreak Wizard

Error: Embedded data could not be displayed.

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host