(၁) ပြင်သစ် ဘုရင် လူဝီ XI အုပ်ချုပ်စဉ် အချိန်က ကာဒီနယ် ဂျင်းဒီလာဘာလူး ဆိုသူဟာ
သံလှောင်အိမ်ကို တီထွင်ခဲ့သူဖြစ်ပါတယ် ..အကျဉ်းသားတွေကို နှိပ်စက်ညှဉ်းပန်း စစ်ကြောရန်
ထားတဲ့ အခန်းတစ်ခုဖြစ်ပါတယ် ..
အဲဒီ အခန်းခထဲမှာ အကျဥ်းသားမတ်တပ်ရပ်လို.လည်း မရ ၊ ခြေဆန့် လက်ဆန့်  လုပ်လို.လည်း
မရပါဘူး ..သူ တီထွင်ခဲ့တဲ့ အကျဥ်းခန်းမှာ ပထမဦးဆုံး အကျဉ်းချခံရသူကတော့ သူကိုယ်တိုင်ပဲ
ဖြစ်ခဲ့ပါတယ် ..သူရဲ့ လှောင်အိမ်ထဲမှာ သူဟာ ( ၁၁ ) နှစ်တိုင်တိုင် နေထိုင်ခဲ့ရပါတယ် တဲ့ ခင်ဗျ ..
ကာဒီနယ် ဂျင်းဒီလာဘာလူး ပုံပါ ..
ကိုယ်ဖေါ်တဲ့ဆေး ကိုယ်ပြန်စားမိတဲ့ သနားစရာ ဂျင်းဒီလာဘာလူး ပါခင်ဗျာ ..
(၂) အီဂျစ်နိုင်ငံကို ဘီစီ ၁၀၅၂ မှ ၁၀၁၂ ထိ အုပ်ချုပ်စိုးစံခဲ့တဲ့ ဖာရိုးဘုရင် အိုဆိုင်းကစ် ဟာ
ငွေကြေးပြတ်လတ်မှုကို တိုက်ဖျက်ဖို့ အတွက် အမိန့် တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ် ..
ငွေကြေးတစ်စုံတစ်ရာ ချေးယူသူ မည်သူမဆို မိမိ၏ဖခင်အရင်းကို အာမခံ အဖြစ် ထားရမယ်ဆိုတဲ့
အမိန့် ပါပဲ ။ ချေးယူထားတဲငွေက်ု ပြန်လည်မဆပ်မချင်း ငွေချေးပေးသူ ( မြီရှင် )ထံမှာ
ငွေဝယ်ကျွန်အဖြစ် အမှုထမ်းရမယ်လို. ပြဌာန်းထားပါတယ် ..
ငွေကြေးအကြပ်အတည်းမဖြစ်စေရန် ဖြေရှင်းပေးခဲ့တဲ့ မဟာဥာဏ်ကြီးရှင် အိုဆိုင်းကစ် ပါ .. :)
(၃) အင်္ဂလန်နိုင်ငံ ဘာမင်ဂမ် မှ ဂျော့ဖရက်ဒရစ်မန့်  ဟာ ဗြိတိသျှပါလီမန်မှာ
၁၈၄၀ မှ ၁၈၅၆ ထိ အမှုထမ်းခဲ့ပါတယ် ။
သူဟာ မုတ်ဆိတ်ထားခွင့် ပထမဦးဆုံးရခဲ့တဲ့ ပါလီမန်အဖွဲ့ ဝင်တစ်ဦး ဖြစ်ပါတယ် ..
ဂျော့ဖရက်ဒရစ်မန့်  ပုံပါ ..

No comments:
Post a Comment