ဘလော့ခ်မရေးရလဲ မနေနိုင်ပြန်ဘူး..ရေးမိပြန်တော့လဲ လက်စမသတ်ချင်ဘူး..အားလုံးအတွက် အကျိုးရှိစေမယ့် နည်းပညာလေးတွေရေးပေးနေမှာပါ။ ကဲ..အခု ကျွန်တော် အခြားဆိုက်တွေကို မွှေရင်းနှောက်ရင်းနဲ့ အများအတွက်အကျိုးရှိစေမယ့် Software လေးတစ်ခုကို ရှာတွေ့လာပါတယ်။ အဲဒါကတော့ နဂို ၀ယ်ကတည်းက 1GB ပမာဏပဲပါလာတဲ့..Mp3,4,SD Card,Memory Stick,Memory Card တွေကို 2GB ပမာဏ ဖြစ်အောင် ပြောင်းလဲပေးတဲ့ Software လေးပါ။ သူ့ကို 1GB ရှိတဲ့ Card တွေမှာဘဲ 2GB အထိတိုးအောင် အသုံးပြု လို့ရမှာပါ။ Software အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံး Card ထဲမှာရှိတဲ့ Data တွေအကုန်လုံးကို အခြား နေရာတစ် ခုခုပေါ်သို့ကော်ပီကူးလိုက်ပါ။ ဘာလို့လဲဆိုတော့ ဒီ Software က Card တစ်ခုလုံးကို Format ရိုက်လိုက်မှာဖြစ်ပါတယ်။ ဖောမတ်ချပြီးရင် Card ကို စက်မှ ထုတ်ခိုင်းပါမယ်။ Card ကို ဖြုတ်ပြီး ပြန်ထည့်လိုက် ပါ။ ပြီးရင် My Computer ကိုဖွင့်ပြီး မိမိပမာဏ တိုးထားတဲ့ Card ပေါ်ကို Right Click ထောက်၊ Properties ခေါ်ပြီးကြည့်လိုက်ရင် 2GB ဖြစ်နေတာကို တွေ့ရပါမယ်ခင်ဗျာ။ အော်မေ့တော့မလို့ 1GB ပဲရှိတဲ့ Memory Stick တွေကိုပဲရမှာနော်..။
Download Here
ကျနော်လည်း ကျောင်းက အရမ်းကို နှိပ်စက်နေလို့ စာတောင် မရေးနိုင် ဖြစ်နေရတာပါ။ စာမေးပွဲကလည်း နိုဝင်ဘာ ၁၄ ဆိုစပြီ .. ဒီဇင်ဘာ ၄ ရက်နေ့ မှပြီးမှာ .. ကျောင်းစာမေးပွဲပြီးရင်တော့ အတိုးနဲ့ ကြိုးစားရေးပေးပါ့မယ်။ ရေးဖို့ စုထားတာလည်း အများကြီးပဲ။ တခြို့ဆို upload တောင် တင်ပြီးပြီး share ဖို့ နားလည်ပေးကြပါဦးဗျာ။ အဟောင်းလေးတွေ ရှာဖတ်ရင်းပေါ့ …. ကျေးဇူးပါ.။
မှားမယ်နော်... တကယ်ထည့်လို့ရတာမဟုတ်ဘူး ...ကျွန်တော် စမ်းပြီးလိုပြောတာပါဗျာ..
ReplyDeleteဆရာလုပ်တယ်လို့မထင်ပါနဲ...