Blogger Widgets
IP

Sunday

လျှို့ ဝှက်စာတွေရေးပြီး ပို့ ကြမယ်။ Cipher


Picture















ကျနော်အခုလုပ်ထားတဲ့ Program လေးကတော့ ကိုယ့်ရဲ့ အရေးကြိး စာသားတွေကို သက်ဆိုင်တဲ့လူဆီကို Email နဲ့ ပို့ တဲ့အခါမှာ ကြားက လူတွေဖောက်ဖတ်ရင်ဖတ်လို့ မရ အောင်လုပ်ပေးတဲ့ဟာပါ။ အောက်မှာပုံနဲ စာနဲ ရှင်းပြထားပါတယ် လေ့လာ ကြည့်လိုက် ပါဦး..။ သေချာလေ့လာကြည့်ပါ..။ ဖတ်လိုက်ရင်တော့ နည်းနည်းရှုပ်သွားပါလိမ့်မယ်။ ကိုယ်တိုင်း သုံးကြည့်မှ လုပ်တတ်သွားမှာပါ။ ဒီဆော့ဝဲလေးကို Cipher လို့  နာမည်ပေးထား ပါတယ်။

Message ကို Encode လုပ်တဲ့အပိုင်း Picture

 














ဒီ Program လေးကို run လိုက်ပါ..။ ပြီးရင် ၀ှက်ချင်သည့်စာရိုက်ရန် ဆိုတာနဲ့ တည့်တည့် box မှာကျနော်ရိုက်ပြထားသလို ပဲတခြားတစ်ဖက်ကို မိမိပို့ချင် တဲ့စာကိုရီုက်ထည့်ပါ။ မြန်မာလိုကော အင်္ဂလိပ်လိုကော(၂မျိုးလုံး)ရပါတယ်။ ပြီးရင် ၀ှက်မည်/Encode ဆိုတဲ့ button ကိုနှီပ်လိုက်ပါ။
ဝှက်ပြီးသည့်စာ (Encoded Message) မှာမိမိရိုက်လိုက်တဲ့စာလုံးမဟုတ်တဲ့ တခြားစာလုံးတွေ နဲ့  လာပေါ်ပါလိမ့်မယ်။ အကယ်လို ၁ ကြိမ်တည်း လုပ်ရတာ စိတ်မချရင် ၀ှက်ပြီးသည့်စာ (Encoded Message) မှာပေါ်တဲ့စာကို ကော်ပီ ပြန်ကူး ပြီးတော့ အကြိမ်ကြိမ်အခါအခါ လုပ်လို့  ရပါတယ်။မိမိလုပ်ထားတဲ့ အကြိမ်ရေ ကိုတော့မှတ်ထားပေးပြီးပို့ မယ့်လူကိုပြောပြလိုက်ပါ။။ဒါက Encode လုပ်တဲ့အပိုင်းပါ။

Message ကို Decode ပြန်လုပ်တဲ့အပိုင်း

Picture
















အခုပြောမှာကတော့ Decode လုပ်တဲ့အပိုင်းပါ။ Decode လုပ်ဖို့  လျှို့ ဝှက်စာပြန်ဖော်ရန် / Decode Message ဆိုတဲ့ tab ကိုနှိပ်လိုက်ပါ ပြီးရင် တော့ အခုနကအပေါ်မှာ ပြောထားတဲ့ နောက်ဆုံးဝှက်ထားတဲ့စာကို copy ကူးထားတာကို ၀ှက်ပြီးသည့်စာထည့်ရန် (Copy and Paste Encoded Message) ဆိုတာနဲ့    တည့်တည့် box ထဲကို Paste လုပ်လိုက်ပါ။ ပြီးရင်တော့ ဖော်မည်/Decode ဆိုတဲ့ button ကို နှိပ်ပြီး တော့ တစ်ဖက်လူပို့ ထားတာကို ပြန်ဖြေပြီးဖတ်ရုံပါပဲ။ ပြန်ဖြေတဲ့အခါမှာလဲ တစ်ဖက်လူက Encode (ချုပ်) လုပ်ထားတဲ့အကြိမ်အရေး အတွက်အတိုင်း ပဲ ပြန်ပြီး Decode (ပြန်ဖြည်) ရမှာဖြစ်ပါတယ်။ ကျနော်ကတော့ အချိန်မရတဲ့အတွက် ၁ ကြိမ်ပဲ Encode လုပ်ပြီး တော့စမ်းပြထားပါတယ်။ အရေးကြီးရင် ကြီးသလို Encode လုပ်ပြီး တော့ ပို့ Mail နဲ့ အဲဒီစာသားကိုပို့ လိုက်ပါ။ ပြီးမှ အဆင်ပြေသလို ဘယ်နကြိမ် Encode လုပ်ထားတယ်ဆိုတာကို မိမိ တို့ ဘာသာ မိမိတို့ သင်္ကေတနဲ့ ပြောလိုက်ပါ။ ဟိုဘက်လူကလည်း အဲဒီအကြီမ်အရေအတွက်အ တိုင်းပဲ ပြန်ဖြေမှ တစ်ဖက်လူ ပြောချင်တဲ့စကားကို မြင်ရမှာဖြစ်ပါတယ်။ ကဲ့ ဒီလောက်ဆိုရင်တော့နားလည်မယ်လို့ မျှော်လင်ပါတယ်ခင်ဗျာ...။
မိမိတို့ အရေးကြီးတဲ့စာတွေကို လုံလုံခြုံခြုံ နဲ့ ပို့ နိုင်ပြီး တော့ ချစ်သူ စုံတွဲတွေလဲ အဆင်ပြေကြပါစေလို့  ဆုတောင်းလိုက်ပါတယ်ဗျာ....။ :P  အောက်မှာ လင့်နဲ့ တင်ပေးထားပါတယ်။ လိုချင်ရင်တော့ဒေါင်းလိုက်ပါ။ သူ့ ကိုသုံးဖို့ အနည်းဆုံး Microsoft Net Frame Work 2.0 လိုပါတယ်။ မရှိသေးရင် အောက်မှာ လဲ လင့်နဲ့  နာမည်နဲ့ တွဲပြီးတင်ပေးထားပါတယ်။

Download Cipher V2.0  From Ziddu >> (6.51 MB)

Download Cipher V2.0  From Direct Link >> (6.51 MB)

Download Cipher V2.0  From Mirror Creator >> (6.51 MB)

Download Microsoft Net Frame Work Below

Download Net Frame v2.0 >> (No need Internet Connection to install)

Download Net Frame v3.5 >> (Need Internet Connection to install)

Download Net Frame v4.0 >> (No need Internet Connection to install)
______________________________________________________________________
Photobucket

Jailbreak Wizard

Error: Embedded data could not be displayed.

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host