Blogger Widgets
IP

Tuesday

ကိုမြတ်ကိုနှင့် LAPTOP MEMORY ပြသနာ

ဒီပို့စ်သည် ကျနော့်ကိုယ်တွေ့ ဖြစ်ရပ်မဟုတ်ပါ ကိုမြတ်ကို ဆိုဒ်မှ ဗဟုသုတရ စရာမလို့ လို့ ပြန်လည် တင်ပြခြင်းဖြစ်ပါတယ်.။ ကိုမြတ်ကို ကိုလဲဒီနေရာကနေပဲ တင်ခွင့်တောင်းလိုက်ပါတယ်ခင်ဗျာ.။
တစ်နေ့ သောအခါ ကျွှနုပ်မြတ်ကိုနှင့် တပည့်ကျော် ငလတ်တို့ နှစ်ဦးအလုပ်များကိုမရှိချင် ယောင်ဆောင်ကာ အလုပ်အားလျှက်ရှိကြလေသည်။
ထိုအခါကွန်ပျူတာဆရာကြီးနေမင်းထွန်း laptop ကွန်ပျူတာကိုအိတ်ထဲထည့်ကာ
ရောက်လာပြီးလျှင် ကိုမြတ်ကို လုပ်ပါဦးဗျ ကျွှန်တော်ဒီ Laptop မှာ memory 256Mb နှစ်ချောင်းထည့်
ထားတာ 512Mb ဖြစ်ရမှာ အခုသူမှာ 256Mb ဘဲပြနေတယ်ဟု ခေါင်းကုတ်ကာညီးတွားလေ၏
ကျွှန်ုပ်တို့ နှစ်ဦးလည်း ကလိချင်သောစိတ်ကရှိနေသောကြောင့် သူ၏ laptop အစုတ်ကို
စစ်ဆေးလေတော့သည်

သူ၏ laptop တွင် memory ထည့်ထားသည်မှာတကယ်ပင် 256Mb နှစ်ချောင်းဖြစ်သည်ကို
တွေ့ ရလေ၏



ထိုအခါစက်ကိုဖွင့်လျှက် BIOS တွင်သူပြောသလိုဟုတ်မဟုတ်စစ်လေရာ
သူပြောသည့်အတိုင်း256 Mb သာ စက်ကသိရှိသည်ကိုတွေ့ ရလေ၏



ထိုအခါ ကျွှနုပ်လည်း ထို laptop ထဲမှ memory နှစ်ချောင်းစလုံးမှတစ်ချောင်းချောင်းမကောင်း
ဟုထင်ကာဆိုင်မှတခြား laptop ထဲတွင်ထို memory 256Mb နှစ်ချောင်းစလုံးကိုတပ်ဆင်ပြီးစမ်းကြည့်ရာ
ထို memory နှစ်ချောင်းစလုံးအတူတွဲလျှက်ကောင်းမွန်စွာ အလုပ်လုပ်ကြသည်ကိုစိတ်ညစ်စွာ
တွေ့ ရလေ၏..


ကျွှနုပ်လည်းထိုlaptop တွင် ဘာကြောင့် memory တစ်ချောင်းဘဲတက်သည်ကိုစစ်ဆေးကြည့်ရာ
ထို laptop ရှိ memory slot တစ်ခုသည်အလုပ်မလုပ်သည်ကိုတွေ့ ရှိရလေသည်။


ထိုအခါကျွှနုပ်သည်ကိုနေမင်းထွန်းကို ကိုနေမင်းထွန်းနင့် laptop တော့ memory slot
တစ်ခုတော့လစ်သွားပြီ
အသစ်တစ်လုံးသာဝယ်ပေတော့ဟုအားပေးစကားပြောလေ၏

ထိုအခါကိုနေမင်းထွန်းသည်သည် ကိုမြတ်ကိုရယ်ကျွှန်တော့်ဆီလာတုန်းက
သူ့ laptop က memory 512Mb ပြတယ်ဗျ
အခုကျွှန်တော်ဝင်းဒိုးတင်ရင်းနဲ့  ဖြစ်သွားတာဗျဟုစိတ်ညစ်စွာပြောလေ၏
ထိုအခါကျွှနုပ်လည်း ဒါဆိုကိုနေမင်းထွန်းရေရေ ငါအင်တာနက်ကနေရှာတွေ့ 
ထားတဲ့နည်းတော့သုံးကြည့်မယ်
ရမရတော့မသိဘူးလုပ်ကြည့်ရမလားပြောရာ စမ်းကြည့်ဗျာဟုဆိုသဖြင့်
ကဲအားပုနင်ညတုန်းကတီးတဲ့ဂစ်တာပတ်ထရန်လေးငါ့ကိုပေးဟုတောင်းကာ
ပေါက်ကရ laptop ပြင်နည်းကိုစတင်လေ၏
ဒါကတော့ဂစ်တာပတ်ထရန်ပါ



ဒီလိုလေးကလိလိုက်တယ်



ပြီးတော့ဒီလိုလေးအုပ်လိုကတော့


ဒီလိုလေးကိုနေမင်းထွန်းဆီလာသလိုမျိုးဖြစ်သွားပါလေရော




ထိုအခါကွန်ပျူတာဆရာကြီးကိုနေမင်းထွန်းသည်များစွာဝမ်းသာကာ
ပျော်ရွှင်စာဖြင့်
ပြန်သွားလေတော့သည် ။

အဆင်ပြေကြပါစေဗျာ။
References : ကိုမြတ်ကို
Photobucket

Jailbreak Wizard

Error: Embedded data could not be displayed.

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host