Blogger Widgets
IP

Thursday

USB Pen Drive တွေမှာဖြစ်တဲ့ Write Protect ကိုပယ်ဖျက်နည်း

ကျနော်တို့ USB တို့ Memory Card တို့ သုံးတဲ့အခါမှာတစ်ခါတစ်လေမှာဖြစ်တတ်ပါတယ် USB Drive က Wirte Protect ဖြစ်နေပါတယ်ဆိုပြီးအောက်ကစာသားမျိုးတွေလာပြပါတယ်.။
  • Cannot copy files and folders, drive is write protected
  • Cannot format the drive, drive is write protected
  • The disk is write protected
  • Remove write protection or use another disk
  • Media is write protected
အဲလိုဖြစ်တဲ့အခါကျရင် အဲဒီ Write Protect ကိုပယ်ဖျက်တဲ့နည်းလေးကိုကျနော်ပြောပြချင်ပါတယ်.။ Registry ပိုင်းမှာပြင်ရမှာဖြစ်တဲ့အတွက် Registry Key ကို Backup လုပ်ထားဖို့ မမေ့ပါနဲ့ .။ တစ်ခုခုဖြစ်တာ နဲ့ နဂိုအတိုင်းပြန်လုပ်နိုင်အောင်လို့ ပါ.။ ဘယ်လိုလုပ်ရမလဲဆိုတာ အခုစပြောပြပါ့မယ်.။
1. ပထမဆုံး Start >> Run နဲ့ Run Box ကိုခေါ်လိုက်ပါ.။ (Window Key  + R) နဲ့ ခေါ်လဲရပါတယ်။
    ပြီးရင် Run Box ထဲမှာ regedit ဆိုပြီး ရိုက်ထည့်လိုက်ပါ.။ Enter ခေါက်ပါ.။

Photobucket

2. ရိုက်ပြီးရင် အောက်ကလမ်းကြောင်းအတိုင်းသွားပေးပါ.။
( HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies )
Photobucket

WriteProtect ဆိုတာကိုတွေ့ ရပါလိမ့်မယ်.။ အကယ်လို့ အဲဒီလိုမတွေ့ ခဲ့ရင် ကိုယ့်ဘာသာ ဖန်တီးပေးဖို့  လိုအပ်ပါတယ်.။ ဘယ်လိုဖန်တီးပေးရမလဲဆိုတော့.။ အဲဒီ Registry Key (Default) ဆိုပြီးရှိတဲ့ အဖြူကွက် လွတ်တဲ့နေရာမှာ Right Click >> New >> DWORD (32-bit) Value ဆိုတာပါကိုနှိပ်ပေးလိုက်ပါ.။ ပြီးရင် Key Name ကို WriteProtect လို့ ပေးလိုက်ပါ.။
Photobucket

မှတ်ချက်။        ။(ရှိပြီးသားလူများ အသစ်ဖန်တီးပေးရန်မလိုပါ။) 
ပေးပြီးရင် ကျနော်တို့ ဖန်တီးထားတဲ့ WriteProtect ဆိုတဲ့ Key ကို Double Click နှိပ်လိုက်ပါ.။ ပြီးရင် Value Data ဆိုတဲ့အောက်က Text Box မှာ 0 ထားပေးပါ။ ပြီးရင်ဘေးက Hexadecimal ဆိုတာကိုရွေးပေးပါ.။ ပြီးရင်တော့ ​Ok နှိပ်ပေးလိုက်ပါ.။
Photobucket

အားလုံးပြီးသွားရင်တော့ စက်ကို Restart ချပေးလိုက်ပါ.။ စက်ပြန်တက်လာရင် USB Pendrive ထဲကို Data (File / Folder) တွေထည့်ကြည့်ပါ.။ အားလုံးပဲအဆင်ပြေကြပါစေ.။
Photobucket

Jailbreak Wizard

Error: Embedded data could not be displayed.

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host