Thursday
Android OS ဖုန်းမှာ Message Ringtone ရွေးချယ်ခြင်း
Android OS ဖုန်းတွေမှာ Ringtone စနစ်အတွက်ရွေးချယ် အသုံးပြုတဲ့နေရာမှာတော့ ဖုန်း Ringtone တွေ ရွေးချယ် အသုံးပြုခြင်းဟာ လွယ်ကူအဆင်ပြေပေမယ့်.။ Message Ringtone အတွက် ကိုယ် ကြိုက်တဲ့ ringtone ကိုရွေးချယ် အသုံးပြုဖို့ ဆိုရင် အနည်းငယ် အခက်အခဲ ရှိပါတယ်.။ ဘာကြောင့်လဲ ဆိုတော့ Android OS သုံး ဖုန်းတွေမှာ Message Ringtone စနစ်ကိုအသုံးပြုမယ်ဆိုရင် ဖုန်းထဲမှာ နဂိုတည်းက original default ပါတဲ့ Ringtone တွေကိုပဲ အသုံးပြုလို့ ရပြီး အပြင်ကနေ ထပ်ထည့် ပြီးအသုံးပြုချင်တဲ့ MP3 ringtone တွေကိုတော့အသုံးပြုဖို့ ဆိုရင်အနည်းငယ်အခက်အခဲရှိပါ တယ်.။ အညွှန်းထည့်နေတာနဲ့ လိုရင်းကိုတောင်မရောက်တော့ဘူး တော်တော်လဲ ပျင်းနေပြီထင်တယ်..။ :D
Android OS သုံးဖုန်းတွေမှာ Message Ringtone စနစ်ကို ထပ်ပေါင်းထည့်တဲ့နေရာမှာတော့ အခြား ဖုန်း Ringtone စနစ် တွေကို ရွေးချယ်သလို ပဲဖုန်းထဲ မှာ တင်ရွေးချယ်အသုံးပြုလို့ မရနိုင်ပါဘူး.။ ပထမဆုံးအနေနဲ့ .. ကိုယ်အသုံးပြုချင်တဲ့ Ringtone တွေကို စုပေါင်းထားပါ.။ ပြီးရင် ဖုန်းကို ကွန်ပျူတာ နဲ့ချိတ်ဆက်ပေးပါ.။
ပြီးရင်တော့ ဖုန်းရဲ့ SD Card ထဲကိုသွားပြီး Multimedia ဆိုတဲ့ Folder ကိုရှာဖွေရပါမယ်.။ Multimedia Folder ကိုတွေ့ ပြီဆိုရင်တော့ အဲဒီထဲမှာ Audio ဆိုတဲ့ Folder ကိုရွေးချယ်လိုက်ပါ.။ အဲဒီလို ရွေးချယ်လိုက်ရင် Audio ဆိုတဲ့ထဲမှာ Notification ဆိုတဲ့ Folder ကိုထပ်တွေ့ ရပါလိမ့်မယ်.။ အဲဒီထဲကိုကိုယ်ထည့်ချင်တဲ့ Ringtone တွေကိုစုပေါင်းပြီးထည့်ပေးရပါမယ်.။ ပြီးရင်ဖုန်းကို ပိတ်ပြီး ပြန်ဖွင့် ပေးရပါမယ်.(Restart ချတဲ့သဘောပါ)။ ဘာကြောင့်လဲဆိုတော့ ဖုန်းကို ပိတ်ပြီးပြန်ဖွင့်ပေးမှ ကိုယ်ထည့်ထားတဲ့ သီချင်းတွေနဲ့ တီးလုံး သံတွေဟာ Message Ringtone ထဲမှာထပ်ပေါင်း ဖြည့်စွက်ပေး နိုင်မှာဖြစ်ပါတယ်.။ ဒါတွေ အားလုံးကို လုပ်ပြီးသွားပြီဆိုရင်တော့ ဖုန်းရဲ့ Message စနစ်ထဲကို ၀င်လိုက်ပါ.။ ပြီးရင်တော့ Menu ကိုနှိပ်ရပါမယ်.။ အဲ့ဒီထဲကမှ Setting ထဲကိုသွားပါ.။ ပြီးရင်တော့ အဲ့ဒီထဲမှာ Select ringtone တွေကိုမြင်တွေ့ ရမှာပါ.။ အဲ့ဒီထဲကမှ ကြိုက်ရာကို ရွေးချယ်ပြီး အသုံးပြုနိုင်ပါလိမ့်မယ်.။ ကဲဒီ လောက်ဆိုရင်အားလုံးအဆင်ပြေမယ်ထင်ပါတယ်.။ ပုံလေးတွေနဲ့ ပြချင်ပေမယ့် အချိန်မပေးနိုင်တာကြောင့် အခုလိုတင်ပေးလိုက်တာကိုနားလည်ပေးစေချင်ပါတယ်..။ အားလုံးပဲ Message Ringtone သံလှလှ လေးတွေသုံးပြီးပျော်ရွှင်နိုင်ကြပါစေ.။
Labels:
Android