Blogger Widgets
IP

Saturday

ဘ၀အတွက်စာတိုလေးများ

၁။စိတ်ငြိမ်းချမ်းမှုဟာအခြေခံကျတဲ့လွပ်လတ်မှုတစ်မျိုးပါပဲ
၂။လူတိုင်းလူတိုင်းဘ၀တစ်ခုလုံးမှာနေ့စဉ်နဲ့အမျှရွေးချယ်မှုတွေလုပ်နေရပါတယ်
ရွေးချယ်ဆုံးဖြတ်တာမှန်ဖို့လိုပါတယ်
၃။လူမှာလုပ်နိုင်တဲ့စွမ်းရည်သတ္တိတွေအများကြီးရှိတယ်အဲ့ဒီလိုလုပ်နိုင်တဲ့စွမ်းရည်သတ္တိတွေကိုများများထုတ်သုံးမှ
အဲ့ဒီလူဟာဘ၀ကိုကျေနပ်မူရရှိမယ်
၎။လူဘ၀မှာစွန့်စားရတာနဲ့အခက်အခဲတွေကိုရင်ဆိုင်ကျော်လွားရတာနဲနဲရှိမှကောင်းတယ်သို့မဟုတ်ရင်ဘ၀ဟာပျင်း
စရာကောင်းနေလိမ့်မယ်
၅။ဘ၀အတွက်ပြင်ဆင်နေရင်းနဲ့ပဲ ဘ၀ဆိုတာကုန်ဆုံးသွားတယ်
၆။ဘ၀မှာဘာဖြစ်လာမယ်ဆိုတာကြိုတင်သိမထားတော သိနိုင်တာက ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတယ်
ပိုပြီးတော့လည်း နိုးကြားမူရှိတယ်
၇။မေတ္ထဆိုတာ သူတစ်ပါးအတွက် အာဟာရဖြစ်သလို ကိုယ့်အတွက်လည်း အာဟာရဖြစ်ပါတယ်
၈။ငါလုပ်တဲ့အလုပ်ဟာ လွပ်လတ်တဲ့စိတ်နဲ့ လုပ်တာလား အနှာင်အဖွဲ့ခံနေရတဲ့စိတ်နဲ့လုပ်တာလား
၉။ငြိမ်းချမ်းနေတယ်……….
ပျော်ရွင်နေတယ်………..
ကြည်လက်နေတယ်……….
ကိုယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေတယ်ဆိုရင် သင်ဟာအောင်မြင်နေတဲ့သူပါ…………..
၁၀။ခရီးရောက်ချင်ရင် ရပ်မနေဖို့ကပဲ အရေးကြီးပါတယ် နှေးတာကအရေးမကြီးပါဘူး………..
၁၁။ ဘ၀ကို ရှင်းရှင်းလင်းလင်း
သတိလေးနဲ့ နေလိုက်ပါ
ဘ၀ဟာရှင်းလာပါလိမ့်မယ်
စိတ်ရှင်းရင်ဘ၀ရှင်းတယ်
စိတ်ရင်းရိုးရင် ဘ၀ရိုးတယ်
စိတ်ရှုပ်ရင် ဘ၀လည်းရှုပ်လာမယ်
စိတ်ဆန်းပြားရင်
ဘ၀လည်း ဆန်းပြားလာမယ်
၁၂။ ဘ၀ရဲ့အရည်အသွေး မြင့်မားစေချင်ရင်
စိတ်ရဲ့အရည် အသွေးကို မြင့်မားအောင် ကြိုးစာမှဖြစ်မယ်
ဝဘရဲ့အဆင့်အတန်းကို စိတ်ရဲ့အဆင့်အတန်းနဲ့ပဲ တိုင်းတာသင့်တယ်….
၁၃။ ဘ၀ကိုအနှစ်သာရအပြည့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ရင်
အေးချမ်းတည်ငြိမ်ပြီး ရင့်ကျက်တဲ့သူ ဖြစ်ချင်ရင် အချိန်တိုင်း အချိန်တိုင်းကို သတိလေးနဲ့နေလိုက်ပါ…
၁၄။ သူငယ်ချင်ရေ…အကောင်းအဆိုး တွေ့ရသမျှ ဘ၀အတွေ့အကြုံထဲက
လေးနက်တဲ့ အသိအမြင်ကိုရမှသာ
ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင်လုပ်တာဟာ သူများမဟုတ်ပါဘူး
ကိုယ့်စိတ်ပါ ကိုယ့်သဘောထားမှားနေလို့ပါ
၁၅။ မိဘတွေဟာ ခေတ်ကာလကို နားလည်ပြီး သားသမီးတွေကို သူ့ဟာသူ အဆင်ပြေဆုံးဖြစ်အောင်
နေသွားတတ်ဖို့ ကြိုတင်ပြီး ဥဏ်ကြီးကြီးနဲ့ ပြင်ဆင်ပေးလိုက်မှသာ တကယ်ချစ်ရာရောက်ပါလိမ့်မယ်……..
၁၆။ ဘ၀ကိုနောက်ဆုံးအချိန်ထိ အဓိပ္ပယ်ရှိရှိ ဘယ်လို့နေရမယ်ဆိုတာ သိဖို့လို့တယ်…အဲ့ဒီလိုမသိရင် ကြာလေ အသုံးမကျလေဖြစ်လာတတ်တယ်…..
၁၇။ လောကကြီးမှာအေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်ရင့်ရင့်ကျက်ကျက် နေသွားတဲ့လူတွေ လိုတယ်
ဘ၀ကို ဒီလိုနေပါလို့ နေပြသွားတဲ့လူတွေလိုတယ်
၁၈။ ကိုယ်ဘာကို ခံစားနေရသလဲ
ကိုယ်အကြိုက်ဟာ ဘာလဲဆိုတာ သိချင်ရင် တစ်ယာက်ထဲအချိန်ယူပြီးတော့
ကိုယ့်စိတ်ကို ကိုယ်သေသေချာချာစမ်းစစ်ကြည့်ရမယ်….
၁၉။ ဘယ်အလုပ်မျိုးလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ်နဲ့အကောင်းဆုံး
အရည်အချင်းကိုဖော်ထုတ်ခွင့် သုံးခွင့်ရတဲ့ အလုပ်မျိုးဖြစ်သင့်တယ်…….
၂၀။ အဖော်ကောင်း မိတ်ဆွေကောင်း လိုချင်ရင် ကိုယ်ကိုယ် တိုင်ကပဲ အဖော်ကောင်း မိတ်ဆွေကောင်းဖြစ်အောင် နေလိုက်ပါ
၂၁။ လူတွေကို မယုံသူ လူတွေကို သည်းမခံနိုင်တဲ့သူ လူတွေအကြောင်း
မကောင်းပြောတတ်သူဟာ အဖော်မဲ့တတ်တယ်…

www.myanmarfamily.org မှ မောင်ပေါ်ဦး၏ Post အားကူးယူဖော်ပြသည်။
Photobucket

Jailbreak Wizard

Error: Embedded data could not be displayed.

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host