Blogger Widgets
IP

Friday

CleanThis Virus ကိုဘယ်လိုသတ်မလဲ

ဟိုနေ့ က (15.9.2011) ကပေါ့ဗျာ ကျနော့်သူငယ်ချင်းတစ်ယောက်ရဲ့  ကွန်ပျူတာမှာ ဗိုင်းရပ်စ် ၀င်နေတယ် ဆိုပြီး ကျောင်းကို သူ့ Laptop လေးပိုက်ပြီး တော့ ကျနော့်ကို လာပြောတယ်..။ အဲ့ဒါနဲ့  ကျနော်လဲ ဘာ Virus ပါလိမ့်ပေါ့ ဆိုပြီးသူ့ Laptop လေးကိုယူကြည့်လိုက်မိသေးတယ်.။ အစပိုင်းမှာတော့ ဘာ ဗိုင်းရပ်စ်မှန်း မသိဘူးဖြစ်နေတယ်ဗျာ..။ သူကလဲ ဆိုင်ပို့ ရင် Window ပဲပြန်တင်မှာ ရအောင်လုပ်ပေးပါ ကွာဆိုလို့ အဲဒါနဲ့  ကျနော်လဲ အချိန် နာရီဝက် လောက်အကုန်ခံပြီး ကျောင်းက ကန်တီးမှာတင် ထိုင်ပြီးသေချာ စစ်ဆေးကြည့်တာ ဗိုင်းရပ်စ် အလုပ်လုပ်တဲ့ပုံက Application တွေကို ဖွင့်မရခြင်း၊ Task manager ကို ပိတ်ထားခြင်း၊ စက်ကို Restart ချ၍ မရခြင်းနှင့် အခြားအနှောင့်အယှက်များ ဖြစ်နေတယ်..။ အဲ့ဒါနဲ့  ကျနော်သွားသတိရမိတာ တစ်ခုက ကျနော်လဲအဲ့လို ဖြစ်ဖူးလို့  အဲ့ဒီတုန်းကအသိအကိုတစ်ယောက်ဆီကို မေးကြည့်တုန်းက နည်းလမ်းလေးတွေအတိုင်း သူ့ စက်ကို လုပ်ပေးလိုက်တယ်..။ Virus နာမည်ကတော့ Clean This Virus တဲ့.။ စာဖတ်သူတို့ ကြုံတွေ့လာခဲ့လျှင် အဆင်ပြေစေရေးအတွက် ဖော်ပြလိုက် ပါတယ်။ အောက်ပါ နည်းလမ်းများဖြင့် ဖြေရှင်းနိုင်လေသည်။ အဲတစ်ခု ရှိတာ သူ့ စက်က Window XP ဗျ..။ အောက်ကနည်းလမ်းတွေကလဲ XP User တွေတော့အသုံးတည့်မယ် ထင်တယ်..။ အဲ့ဒီ Virus ကလည်းတော်တော်လေးပျောက်ကွယ်နေပါပြီ ထူးထူးဆန်းဆန်း သူ့ စက်ထဲတော့ ဘယ်ကဘယ်လိုရောက်လဲမသိပါ..။ Window Vista နဲ့ Window 7 တို့ မှာတော့ အောက်ကနည်း တွေနဲ့ မရတော့ဘူးဗျ..။ Vista,7 တွေမှာပါရတဲ့နည်းလမ်းကိုကျနော်ရှာနေတုန်းပါဗျာ..။ Registry ပိုင်းတွေကတော့ တူပါတယ်..။ အဆင့် (၁) အပိုင်းတွေသာမတူတာပါ..။

အဆင့်(၁)
၁) Local Disk(C:) ကို ဖွင့်ပါ။ Documents and Settings မှ သင့်တို့၏ user name ကို ဖွင့်ပါ။
၂) Application Data ဖွင့်ပါ။ gog.exe ဖိုင်ကို ဖျက်ပါ။
၃) Documents and Settings မှ သင့်တို့၏ user name ကို ဖွင့်ပါ။ Desktop ကို ဖွင့်ပါ။ CleanThis.lnk ဖိုင်ကို ဖျက်ပါ။
၎) Local Disk(C:) ကို ဖွင့်ပါ။ Window ကို ဖွင့်ပါ။ Tasks ထဲမှ At(random).job ဖိုင်ကို ဖျက်ပါ။

အဆင့်(၂)
၁) Run Box တွင် regedit ကို ရိုက်ဖွင့်ပါ။ အောက်ပါလမ်းကြောင်းများအတိုင်း နောက်ဆုံးက ဖိုင်ကို ဖျက်ပါ။

HKCUSER\Software\Microsoft\Windows\CurrentVersion\Run “CleanThis”
HKCU\ Software\ Microsoft\ Windows NT\ CurrentConfiguration\ Winlogon\ Shell = %AppData%gog.exe

၂) စက်ကို restart ချပါ။ (Power ခလုတ် ကို လက်နှင့်ထိုး ပိတ်မှ ရမည် ဖြစ်သည်။)

Window ပြန်တက်လာပါက အဆင်ပြေပါလိမ့်မယ်...။ အားလုံးပဲအဆင်ပြေကြပါစေဗျာ..။
Photobucket

Jailbreak Wizard

Error: Embedded data could not be displayed.

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host