ကျနော်တို့ ယနေ့ ခေတ်ကြီးမှာ Hack တယ် Hack ဆိုပြီးသတင်းတွေတော်တော်လေး ထွက်နေပါတယ်..။ တစ်ယောက်တွေ့ လိုက်တိုင်း Gmail အကောင့်ပါသွားပြန်ပြီ နောက်တစ်ယောက်ကလည်း Gtalk အကောင့်လေး password ခိုးခံလိုက်ရတယ်နဲ့ ကြားနေကြတယ်..။ လူတွေ သတိထားနေကြတာ က Gmail, Gtalk အကောင့်တွေခိုးခံရတာက Key Logger ကြောင့်လိုပဲထင်နေကြတာကိုး..။ အဲ့ဒီတော့ တခြားနည်းတွေနဲ့ လဲခိုးလို့ ရပါတယ်..။ တော်တော်များများ ခံလိုက်ရတာက Phishing ဆိုတဲ့ Web Page အတုလုပ်ပြီး Hack ပါ.။ Gmail ရဲ့ Page ပုံစံနဲ့ Hack တဲ့နည်းပါ..။ ဟိုတစ်လောက အဲ့လိုနည်းတွေနဲ့ Hack ကိုလူသိများသွားတော့နောက်တစ်မျိုးပြောင်းပြီး Hack ကြပါသေးတယ်.။ အဲ့ဒီ Link လေးတောင်ကျနော့် ဆီရောက်လာပါသေးတယ်.။ မြန်မာချက်ရွန်း ဆိုပြီး..။ အစကတော့ ကျနော်လဲ ကိုယ့်မြန်မာနိုင်ငံ တိုးတက်ပြီပေါ့ဆိုပြီးဂုဏ်ယူ တုန်းလေးရှိသေးတယ်. Browser ရဲ့ address bar မှာ ပါလာတဲ့ လိပ်စာက my3gb.com တဲ့အဲ့ဒီတည်းကသိလိုက်ပြီ Hack တဲ့ဆိုဒ်ပဲဆိုတာ..။ အဲ့ဒါနဲ့ ကျနော်လဲခင်ရာ လူတွေအကုန် လက်တို့ ပြီးပြောလိုက်ပါသေးတယ်..။မိတ်ဆွေတို့ လဲ မှတ်ထားပေးကြပါ (မသိတဲ့လူများပေါ့) မိမိ ဆီကို ဘယ်လို Link ပဲပို့ ပို့ ပါ အရင်ဆုံး Address Bar ကိုကြည့်ပါ..။ တစ်ချို့ က သရဲပုံတွေ ပို့ ကြပါတယ်.။ ဒါကပြဿနာ မရှိပါဘူး အချင်းချင်းနောက်တာပါ..။ အဲ့လို Username Password ရိုင်းခိုင်းတဲ့ Link တွေပို့  ရင် ဘယ်တော့မှ ကိုယ့်ရဲ့ Username Password အမှန်ကိုသွားမရိုက်လိုက်ပါနဲ့ ..။(ဥပမာ Gmail ဆိုရင် လဲ သူ့ ရဲ့ Gmail Page ကိုဖွင့်ရင် https://www.google.com/accounts/ServiceLogin?service=mail&passiv ... ဘာညာကွိကွ ဆိုပြီးပါပါတယ်..။ အဲ့လိုမဟုတ်ဘဲနဲ့ glmail.my3gb.com တို့ ဘာတို့ အဲ့လို ကြားထဲက my3gb.com တို့ free hosting.net တို့ အစရှိတဲ့ Hosting ဆိုဒ် တစ်ခုခု နာမည်ပါလာရင်တော့ မိတ်ဆွေ အဲ့ဒီလင့်ကိုဘာမှမလုပ်ဘဲအသာလေးပြန်ပိတ်လိုက်ပါ..။ အကယ်လို့ တခြားလူတွေ ၀င်မိမှာ ဆိုးရင် Browser ရဲ့ Tools >> Clear Recent History ထဲကနေ Everything ဆိုတာကိုရွေးပြီးတော့ Clear ကိုသာနှိပ်လိုက်ပါ.။ Browsing History ကိုအကုန်ဖျက်လိုက်ပါလိမ့်မယ်..။ ကဲဒါက Phishing နည်းဗျာ.။ နောက်တစ်နည်းကတော့ Email ကနေ Hack တာပါ..။ အခုအချိန်မှာ Email တစ်စောင်ပို့ လိုက်ရုံနဲ့ တစ်ဖက်လူရဲ့ IP တွေသိတဲ့နည်းတွေက တော့ အင်တာနက်ပေါ်မှာပေါ်နေပါတယ်.။ ဒါကမဆန်းပါဘူး အဲ့ဒီ IP သိတဲ့အပြင် အဲ့ဒီ Email ကိုဖွင့်လိုက်တာနဲ့  ကိုယ့်ရဲ့ Username Password ပါသွားအောင်တောင်လုပ်လို့ ရနေပြီဗျာ..။ ဘယ်လိုလုပ်ရလဲတော့မမေးနဲ့  နော်..(ပြောပြ၀ူး :D မသိတာလဲပါပါတယ်..။ :D).။ နောက်ထပ် နည်းလမ်းလေးကတော့ ဆိုင်မှာသွားသုံးတဲ့ လူတွေပါ..။ Registry ပိုင်းလဲကျွမ်း chucksum လဲကျွမ်းတဲ့လူနဲ့ တိုးရင်သုံးသမျှအကောင့် အကုန်ပါပါ တယ်ဗျာ.။ဘာလို့ လဲဆိုတော့ Window Registry ရဲ့ တစ်နေရာမှာ Gtalk အကောင့် တွေကို username တွေကိုတော့ဒီအတိုင်းသိမ်းထားပါတယ်..။ Password တွေကို Decode character တွေအနေနဲ့ လုပ်ပြီး သိမ်းထားပေးပါတယ်..။ ဒါကတော့ Hack တဲ့နည်းလမ်းမဟုတ်ပေမယ့် တစ်ချို့ အဲ့လိုမျိုး ကျွမ်းကျင်တဲ့လူ နဲ့  တွေ့ ရင်တော့ ဒုက္ခနဲ့ လှလှကိုတွေ့ တော့တာပါပဲ..။ အခုလဲ Gmail Account Recovery Software တွေ ဆိုတာလဲ အဲ့ဒါ Window Registry ထဲကနေသူတို့ ကပြန်ပြီး ရှာပေးတာပါ..။ ကဲ အခုပြောမယ့်နည်းက အဲ့လို Window Registry တွေကနေ Hack လို့ မရအောင် Registry ထဲမှာအကောင့်တွေမကျန်ခဲ့အောင်လုပ်တဲ့နည်းပါ..။ အောက်ကအဆင့်အတိုင်းလိုက်လုပ်ပါ.။
၁) Start မှ Run box ကို ဖွင့်ပြီး regedit ကို ရိုက်ထည့် ဖွင့်ရန်။
၂) HKEY CURRENT USER မှ Software မှ Google မှ Google Talk မှ Accounts ကို နှိပ်ပါ။
၃) ညာဘက်တွင် o ကို ဖွင့်ပါ။ Gtalk Account များ တွေ့ပါက အကုန် လုံးကို Select လုပ်ပြီးဖျက်ပါ။
၎) ဘယ်ဘက်ရှိ Account အောက်က default.talk.google.com အောက်က Gtalk Name များကို Right Click >> Delete လုပ်ပါ။ Yes , No Box ကျပါက Yes နှိပ်ပါ.။
ကဲအထက်ပါ အဆင့်အတိုင်း လုပ်ပြီးရင်တော့ Registry ကနေ Account Hack ခံရတဲ့ပြဿနာ မဖြစ်နိုင် တော့ဘူးပေါ့ဗျာ..။ ကျနော့်၏ ဆိုဒ်ကိုလာကြည့်တဲ့မိတ်ဆွေအပေါင်းလဲ ကိုယ့်အကောင့်ကို လုံခြုံစွာထိန်းသိမ်းနိုင်ကြပါစေ.။