Ubuntu မှာ Window 7 Style (Winbuntu) ပြောင်းသုံးမယ်လျှင် ပထမဦးဆုံးအနေနဲ့ Window 7 Theam (Winbuntu) ကို Downloadလုပ်ထားရပါတယ်..။ မှတ်ချက်။ ။ Internet ချိတ်ဆက်ထားမှ ရပါမယ်.။ (Winbuntu) ကို Download ပြုလုပ်ဖို့ အတွက်
၁။ Terminal (Applications –> Accessories) ကို ဖွင့်ပြီး အောက်တွင်ပေးထားသော Commands ကို ကူးထည့်လိုက်ပါ။
cd $HOME sudo wget http://web.lib.sun.ac.za/ubuntu/files/help/theme/gnome/win7-setup.sh sudo chmod 0755 $HOME/win7-setup.sh $HOME/win7-setup.sh

၂။ Download ပြုလုပ်၍ ပြီးပါက Install ပြုလုပ်ရန်အတွက် Window ပေါ်လာလျှင် OK ကို နှိပ်လိုက်ပါ။

၃။ Essentials ကို Install ထပ်လုပ်ရန်ပြုလုပ်ရန်အတွက် Window ပေါ်လာလျှင် OK ကို နှိပ်လိုက်ပါ။

၎။ အားလုံးပြီးဆုံးလျှင် Window 7 Theme (Winbuntu) ကို Setup ပြုလုပ်ရန်အတွက် Terminal (Applications –> Accessories) ကို ဖွင့်ပြီး အောက်တွင်ပေးထားသော Commands ကို ကူးထည့်လိုက်ပါ။
setup-win7-theme
၅။ Setup ပြုလုပ်ပြီးပါက Logout ပြုလုပ်ခိုင်ပါလိမ်။ Logout ပြုလုပ်ပြီး Login ပြန်ဝင်လိုက်ပါ။
၆။ Logout ပြုလုပ်ပြီး Login ပြန်ဝင်လိုက်ပါက Ubuntu မှာ Window 7 Style (Winbuntu) နဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။


၇။ Window 7 Style (Winbuntu) ကို အသုံးမပြုချင်တော့ဘူးဆိုလျှင်တော့ Home Folder ထဲက win7-uninstall.tar.gz ကို archive manager နဲ့ ဖွင့်ပြီး Double Click နှိပ်လိုက်ပါ။

ထိုအခါ မိမိရဲ့ Username ကို Double Click ထပ်နှိပ်လိုက်ပါ။.gconf File ကို home folder ထဲကို extract လုပ်ပြီးလျှင် Logout ပြုလုပ်ပြီး Login ပြန်ဝင်လိုက်ပါ။ ဒါဆို အားလုံးပုံမှန်အတိုင်း ပြန်လည်ဖြစ်သွားမှာကို မြင်တွေ့၇မှာ ဖြစ်ပါတယ်။


















No comments:
Post a Comment