ကျနော် အရင် ဆိုဒ်လေးမှာတော့ Virus နဲ့ ပတ်သက်တာတွေရေးတယ်ဗျ..။ ဒီဆိုဒ်လေးစ လုပ်ခါစက သူတစ်ပါးကိုထိခိုက်တာတွေမတင်တော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်..။ ဒါပေမယ့် မေးလ်က နေပို့ ပြီးခနခန မေးလာတာတွေရှိပါတယ်..။ အလွယ်ဆုံး Virus ကိုဘယ်လိုရေးရမလဲ တဲ့..။ သူများကိုလဲ ဒုက္ခရောက်စေချင်သေးတယ်..။ အလွယ်ဆုံးနဲ့ လဲ Virus တစ်ကောင်လိုချင်တယ်..။ ကဲဗျာ ဘယ်နယ့်တုန်း သူများကိုဒုက္ခရောက်စေချင်ရင်ကိုယ်လဲနည်းနည်းအပင်ပန်းခံပေါ့ဟုတ်ဖူးလား ဗျာ..။ မရဘူးလို့  တော့မဟုတ်ပါဘူး..။ လွယ်လွယ်လေးနဲ့ Virus ကောင်းလေးတွေရေးလို့ ရပါတယ်..။ ကဲအရင်သူများကိုဒုက္ခ မပေးခင် ကျနော်တို့ အရင်က နာမည်ကြီးခဲ့တဲ့ Y2K ဆိုတဲ့ Virus ကိုပြန်ပြီး ရင်ခုန်ကြည့်ရအောင်..။ ဒီပို့စ် ပြီးရင်တော့ တခြား Virus ရေးနည်းလေးတွေလဲတင်ပေးသွားပါမယ်..။ သူများကိုဒုက္ခပေးဖို့  တင်ပေးတာမဟုတ်ဘူးနော် ကိုယ်တိုင် လေ့လာဖို့ ပေးတာ..။ တစ်ခုသတိပေးထားပါတယ်..။ ဒါကို စမ်းသပ် လိုက်လို့ တစ်ခုခုဖြစ်ရင်တော့ ကိုယ့်တာဝန်ကိုယ်ယူနော် ကျနော့်ကြောင့်လို့ မပြောနဲ့ နော်..။ သတိပေးလို့  အနီရောင်နဲ့ တောင်သေချာရေးပြထားတယ်..။
Y2K ဆိုတာတော့ ကြားဖူးလိုက်ကြမှာပါနော် …. ။ အဲဒီတုန်းက မိတ်ဆွေ မှာ ကွန်ပြူတာ မရှိသေးလို့ ရင်မခုန်လိုက်ရဘူးလား။ ရတယ်လေ အခုပြန်ရင်ခုန်ကြည့် ရအောင်။ ပြောပြလိုက်ရင်တော့ virus လို့ မိတ်ဆွေထင်မှာ မဟုတ်ဘူး… ။ စမ်းသပ်ချင်ပါတယ်ဆိုရင်တော့ မိမိတာဝန်သာ ဖြစ်ပါတယ်။ ဗဟုသုတ အနေနဲ့ပဲ ပြောပြတာပါ ။ Y2K bug အကြောင်း သိချင်တယ်ဆိုရင်တော့ …. http://en.wikipedia.org/wiki/Y2K မှာသွားဖတ်ကြည့်ပေါ့ ။
မိမိ အခုရှိနေတဲ့ ကွန်ပြူတာလေးနဲ့ Y2K ကိုပြန်လည် ရင်ခုန်ချင်တယ် ဆိုရင်တော့ task bar က time နေရာမှာ D-Click လုပ်ပြီးပဲ ဖြစ်ဖြစ်၊ Control panel – Date and Time ကပဲ ဖြစ်ဖြစ် Date and Time Properties ကိုသွားပြီး 1, January, 2000 လို့ပြင်ပေးလိုက်ပါ။
OK ပေးပြီး Restart ချလိုက်ပါ။ shutdown စ ကျတဲ့ အချိန်က စပြီး ခင်ဗျား ရင်ခုန်နေလို့ ရပါပြီ …. ။ ဘာတွေဖြစ်လာမလဲ ဆိုတာတော့ ………..
( စမ်းသပ်ခြင်း ပြုလုပ်မည် ဆိုပါက ဖြစ်လာမည့် အကျိုးဆက်များသည် မိမိ၏ တာဝန်သာဖြစ်ပါသည်။ ဗဟုသုတ ရရှိစေရန်သာ နည်းပညာ မျှဝေပါသည်။ )
Friday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment