Blogger Widgets
IP

Monday

iDevice ကို စစ်ဆေးပေးမယ့် Jailbreak Wizard

 မိမိ iDevice ကို Jailbreak / Unlocked လုပ်လို့  ရမရ ကို ဟိုမေး ဒီမေး စမ်းတစ်ဝါးဝါး ဖြစ်စရာ မလိုအောင် "Jailbreak Wizard" ကို www.moethagyar.info ရဲ့  အောက်ဆုံး နေရာလေးမှာ ထည့်ပေးထားလိုက်ပါပြီ၊ မိမိ ကိုယ်တိုင် စစ်ဆေးပြီး လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်ကြပါတယ်...
Jailbreak လုပ်လို့ ရတယ်ဆိုရင်လည်း ဘယ် Tool နဲ့  လုပ်ရမယ်ဆိုတာကိုပါ တစ်ခါတည်း ညွှန်ပြပေးထားတဲ့ အတွက် အရမ်းလွယ်သွားပါတယ်...  ။


မိမိ iDevice ရဲ့  Data တွေကို ရွေးပေးလိုက်တာနဲ့  အဖြေ အလွယ်တစ်ကူ ထွက်လာလို့  တော်တော်လေး အသုံးဝင်ပါတယ်၊ သိပြီးသားသူများလည်း ရှိကြမှာပါ..... ။

အဲ့ဒါလေးကိုဘယ်လိုသုံးမလဲ ဆိုတော့ ကျနော် အောက်မှာရေးပြထားပါတယ်.။ 

iDevice : , Model: , iOS: , BaseBand: , Platform: တို့ ကိုရွေးပေးပြီး Check your iDevice ကိုနှိပ်ပေးလိုက်ပါ.။
အဲ့နေရာမှာ iDevice ဆိုတာကတော့ ကိုယ်သုံးနေတဲ့ iDevice အမျိုးအစားပါ. (ဥပမာ. iPhone, iPod) စသဖြင့်ပေါ့.
Model ဆိုတာကတော့ ကိုယ်ရွေးပေးလိုက်တဲ့ Device ရဲ့ model ပါ... iPhone ဆိုရင် iPhone 4 , iPhone 5 ပေါ့..
iOS ဆိုတာကတော့ ကိုယ်သုံးတဲ့ Device ရဲ့ OS ပါ... ကျနော်ဒီပို့ စ်တင်တဲ့အချိန်မှာတော့ iOS 6 ထွက်နေပါပြီ.။
ကိုယ့် Device က ဘာ OS သုံးလဲဆိုတာသိချင်ရင်တော့ မိမိ Device ရဲ့ Settings >> General >> About မှာ version ဆိုတဲ့ နေရာမှာ ကြည့်နိုင်ပါတယ်.။ 

BaseBand ဆိုတာကတော့ ကိုယ်သုံးတဲ့ Device ရဲ့ Modem Firmware နံပါတ်ပါ.။ အဲ့ဒါကို ဘယ်လို သိနိုင်မလဲ ဆိုရင်တော့ OS ကိုကြည့်တဲ့အတိုင်းပါပဲ Settings >> General >> About မှာ Modem Firmware ဆိုတဲ့နေရာမှာ ကြည့်နိုင်ပါတယ်.။
Platform ဆိုတာကတော့ အဲ့ဒီ Device ကို jailbreak လုပ်ရင် သုံးမယ့် ကွန်ပျူတာ ရဲ့ OS platform ပါ.။ ကျနော်တို့ အများစုကတော့ Window နဲ့ သုံးတာများပါတယ်..။ Mac နဲ့ သုံးတာလဲရှိပါတယ်..။ Linux နဲ့ တော့ ကျနော်လဲမမြင်ဖူးဘူး.။ ရှိရင်လဲရှိမှာပေါ့.. :D ။ အဲ့ဒါတွေ အကုန်ဖြည့်ပြီးရင်တော့ Check your idevice ကိုနှိပ်လိုက်ပါ.။ Jailbreak လုပ်လို့ ရတယ်ဆိုရင် အောက်ကလို ပြောမှာပါ.။

Jailbreakable:

Yes! Your iPhone is jailbreakable! Available jailbreak software:
redsn0w 0.9.15b2 [TETHERED]
. redsn0w 0.9.15b2 [TETHERED]  ဆိုတာကတော့ jailbreak လုပ်ရင်သုံးရမယ့် software ပါ.။


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

Ref : မိုးသိကြား
 

No comments:

Post a Comment

Photobucket

Jailbreak Wizard

Error: Embedded data could not be displayed.

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host