Blogger Widgets
IP

Wednesday

iTunes Error 1015 ဖြေရှင်းနည်း

iPhone ရဲ့  Firmware ကို Downgrade,Upgrade ပဲဖြစ်ဖြစ် တစ်ခုခုမတော်တစ်ဆ ဖြစ်ခဲ့ရင် iTunes error တစ်မျိုးမဟုတ် တစ်မျိုး ပေါ်လာတတ်ပါတယ်။ ကျွန်တော့်ထံ စာရေးသားဆက်သွယ်လာသူ တစ်ဦးဆိုရင် Firmware ကို ရိုးရိုး update လုပ်တာပါပဲ ဒါပေမယ့် ဖြစ်ချင်တော့ update လုပ်နေစဉ် လိုင်းပျက်ကျသွားလို့  Restore ပြန်လုပ်တဲ့ အခါမှာ iTune error 1015 ဆိုပြီးတတ်လာပြီး ဘာမှဆက်လုပ်လို့ မရတော့ဘူးလို့  ပြောပါတယ်။

ဘာကြောင့်ပဲ ဖြစ်ဖြစ် iTune error 1015 ကိုဖြေရှင်းဖို့  အောက်ပါ နည်းလမ်းလေးကို ရှာဖွေတင်ပြလိုက်ပါတယ်..

iTune error 1015 ကို ဖြေရှင်းရန် အတွက် လိုအပ်သော Software များကို အောက်တွင် အရင် Download ရယူပါ..

Download Software

1> LibUSB
(i)  32Bit (Win)
(ii) 64Bit (Win)

2> Error 1015 Fixer

လုပ်ငန်းစဉ်

၁) ပထမဦးစွာ LibUSB download လုပ်ပြီး Install အရင်လုပ်ပါ.. အောက်ပါပုံအတိုင်း ပေါ်လာသော Pop-up ညွှန်ကြားချက်အတိုင်း တစ်ဆင့်စီ ဆောင်ရွက်သွားပါ။


၂) Error 1015 Fixer ကို download လုပ်ပါ။

၃) iTune ကိုဖွင့်လိုက်ပါ error တက်လာပါက Error 1015 Fixer ကို Run လိုက်ပါ အောက်ပါပုံအတိုင်းတွေ့  မြင်ရပြီး "Fix My Error!" ကို နှိပ်ပေးလိုက်ပါ.. ဒါဆိုရင် error 1015 ကိုဖြေရှင်းပေးနိုင်ပါပြီ..


အားလုံးအဆင်ပြေကြပါစေ..

No comments:

Post a Comment

Photobucket

Jailbreak Wizard

Error: Embedded data could not be displayed.

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host