Blogger Widgets
IP

Wednesday

Installous ipa Error အတွက် ဆေးမြီးတို


Installous အသုံးပြုပြီး cracked App တွေကို iPhone ကတိုက်ရိုက် ဆွဲနေကြတဲ့ မိတ်ဆွေတွေဆီက အခုတစ်လောမှာ ဆက်တိုက် ဆိုသလို တွေ့ ကြုံနေကြရတဲ့ ပြဿနာကတော့ Download Link တွေကျမလာပဲ "Permission Deny" ဆိုပြီး ပေါ်လာတတ်တာပါပဲ... ဒီအခါမှာ ဘာ App ကိုမှ Download လုပ်လို့  မရတော့ဘူးပေါ့ဗျာ..
ဒီပြဿနာက Installous သုံးနေကြတဲ့ သူအားလုံး တစ်ကြိမ်မှာမဟုတ် တစ်ကြိမ်မှာ လောလောဆယ် ရင်ဆိုင်နေကြရမှာပါ technical problem လား..? ဘာလဲ..? ဆိုတာတော့ မပြောနိုင်သေးပါဘူး...

ဥပမာအနေနဲ့  ဆေးလောက ရူ့ ဒေါင့်က ပြောမယ်ဆိုရင်တော့ Installous နှာစီး ချောင်းဆိုး ဖြစ်တာလောက်ပါပဲ၊ ဗေဒင်လောက အနေနဲ့ ဆိုရင်တော့ Installous က အညံ့ထဲမှာ ရောက်နေတာပေါ့။ ဘာကြောင့် ဒီလိုဥပမာ ပေးရတာလဲဆိုရင် နှာဆီး ချောင်းဆိုး ဆိုတာ ဆေးသောက်လိုက်ရင် ပျောက်တာပါပဲ ဒါပေမယ့် ဖြစ်ချင်ရင်လဲ ပြန်ဖြစ် တာပါပဲ ဒီလိုပဲ ဗေဒင်အရ အညံ့တွေ ဖြစ်နေပြီဆိုရင်လဲ ယတြာချေကြတယ် မဟုတ်လား...

ဆိုလိုချင်တာကတော့ တစ်ခါ ဆေးသောက်ရုံ ယတြာချေရုံနဲ့ တော့ တစ်သက်လုံး မကောင်းနိုင်ဘူး လို့  ပြောချင်တာပါ။
ဒီလိုဆိုတော့လဲ ပြန်ဖြစ်လာရင် ဆေးသောက်လိုက် ယတြာချေလိုက် ပြန်လုပ်ကြတာပေါ့ဗျာ..

ကျွန်တော့်ကို ဗိန္တောဆရာလို့ ပဲ ပြောပြော ဘိုးတော်လို့ ပဲ ခေါ်ခေါ် "Installous ipa Error" အတွက် ဆေးမြီတိုလေး ယတြာလေးတော့ ပေးလိုက်ပါ့မယ်ဗျာ...

Installous ဆေးမြီးတို (သို့ ) ယတြာ

** Installous ကို "cydia.hackulo.us" (သို့ ) "sinfuliphonerepo.com" တစ်ခုခု ကနေသွင်းထားပြီး Error တက်လာပြီ ဆိုကြပါစို့  **

STEP(1)
i) Cydia --> Manage --> Sources --> Edit --> Delete sign ပေါ်လာလျှင် Installous သွင်းထားသော အထက်ပါ Source တစ်ခုခုကို ဖျက်ပြစ်လိုက်ပါ..

ii) iPhone ကို Reboot လုပ်ပေးလိုက်ပါ။

STEP(2)
i) Cydia --> Manage --> Sources --> Edit --> Add မှာ cydia.hackulo.us ကိုပြန်ပြီး source မှာ ပြန်ရိုက်ထည့်ပေးလိုက်ပါ..

ii) Cydia --> Search ထဲကနေ Installous ကိုရိုက်ရှာပြီး ပြန် Install လုပ်ပေးပါ
မှတ်ချက်။ ။ Installous 3 ကို မရွေးပါနဲ့ 

STEP(3)
Install လုပ်ပြီးပါက "Installous App" ကို မဖွင့်သေးပဲ iPhone ကို Reboot အနည်းဆုံး (3)ကြိမ် ဖွင့်လိုက် ပိတ်လိုက် လုပ်ပေးပါ Reboot တစ်ခါနှင့် တစ်ခါကြားတွင် ၁၀ စက္ကန့် ခြားစီ စောင့်ပြီးမှ လုပ်ပါ။  


STEP(4)
i) Installous App ကိုဖွင့်ပါ အောက်ပါပုံအတိုင်း Caching... ဆိုပြီးပေါ်လာရပါမယ် ပြီးရင် Settings ကိုသွားပါ...



ii) Settings ထဲမှာ Install automatically ကို "ON" ပေးလိုက်ပါ

** နှစ်သက်ရာ App ကို Download ဆွဲနိုင်ပါပြီ "ipa Error" မလာတော့ပါဘူး Applications နှစ်ခု သုံးခုလောက် ဆွဲပြီးရင် "Install automatically" ကို ပြန် "OFF" ချင် Off ထားလို့ ရပါပြီ... **

အားလုံး အဆင်ပြေချောမွေ့ ကြပါစေဗျား....

No comments:

Post a Comment

Photobucket

Jailbreak Wizard

Error: Embedded data could not be displayed.

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host