Blogger Widgets
IP

Thursday

SP3 ကို install လုပ်ပြီးတဲ့အခါမှာဖြစ်လာတဲ့ပြသနာ

ကျွန်တော်ကတော့ စကတည်းက SP3 ကိုမသုံးတာ မသုံးဖြစ်တာလည်းပါတယ်။တည်ငြိမ်နေတဲ့စက်တစ်လုံးကို ဖြစ်နိုင်ရင် မလိုအပ်ရင် ဘာမှထပ်မတင်တာအကောင်းဆုံးပဲ။ customer တစ်ယောက်ပေါ့ သူကစူးစမ်းတဲ့လေ့ လာချင်တဲ့စိတ်ရှိတယ် ကြိုးစားသင်ယူမေးမြန်းတယ် hardware software ဘာအသစ်ထွက်နေပြီ
ဆိုတာကအစ သူကတောင် ကျွန်တော်ထက်ကြိုသိနေတယ် နောက်ဆုံးထွက်မှန်သမျှကို သူစိတ်ဝင်စားတယ် ၀ယ်နိုင်တာဆိုရင် ၀ယ်စမ်းတယ်ဆိုပါတော့။တနေ့တော့ ကျွန်တော်ဆီကို အမောတကောရောက်လာတယ် သူ့စက်ကို WinXP SP3 တင်လိုက်ပြီးတော့ စက်က BSOD (Bluse Scree Of Death) ပဲတက်တက်နေတယ် Windows ကိုပြန်မရောက်ပဲ Reboot ဖြစ်ဖြစ်နေတယ်။ ထုံးစံအတိုင်းပေါ့ ပြောပါ ကူပါဆိုတာနဲ့ စက်ကို F8 နဲ့တက် safe mode နဲ့ဝင်လိုက်တယ်။

1 Start --- Run --- Type Regedit လို့ရိုက်။ (open registry editor)
2 HEKY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\intelppm သွားပါ။
3 ညာဘက်ခြမ်းမှာ START ကိုတွေရင် Double Click နှိပ်ဖွင့်ပါ။
4 တန်ဖိုးကို 4 ပြောင်းပေးပါ။ Ok ကိုရွေးပါ။
5. Registry Editor ကိုပိတ်ပါ။
6. Computer ကိုRestart လုပ်ခြင်းဖြင့် Windows XP ကို ပုံမှန်အတိုင်း ပြန်အလုပ်လုပ်ပြီး SP3 သွင်းခြင်း လုပ်ငန်းစဉ်ကိုပြီးမြောက်စေပါသည်။

ရှင်းလင်းချက် - SP3 ကို install လုပ်ပြီးတဲ့အခါမှာ အထက်ပါပြဿနာဖြစ်တယ်ဆိုတာက System တိုင်းတော့ မဟုတ်ပါ။ SP3 ကိုထည့်သွင်းလိုက်တာနဲ့ System ထဲမှာရှိတဲ့ SysPrep ကို ပြင်ဆင်ရပါတယ်။ SysPrep img ဟာ intel ကို based လုပ်ပါတယ်။ အခု Fix လုပ်ပေးတဲ့စက်က AMD Processor ဖြစ်နေတော့ System Registery entry ထဲက intelppm မှန်ကန်စွာ ပြောင်းလဲခြင်းမပြုလုပ်နိုင်တဲ့အခါမှာ အထက်ပါပြဿနာ ဖြစ်ရခြင်း ဖြစ်ပါတယ်။


ဒီပို့စ်လေးကတော့ ကိုမြတ် ရဲ့ ဆိုဒ်မှာတင်ထားတာလေးပါ.။ ကျနော်လဲအသုံးဝင်မယ် ထင်လို့ ပြန်လည် မျှဝေပေးတာပါ.။ 


Reference >>>> www.komyat.com
Photobucket

Jailbreak Wizard

Error: Embedded data could not be displayed.

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host