Blogger Widgets
IP

Thursday

Task Manager ပျောက်နေလို့ရှိရင်ရင်

ဒီနေ့ တစ်နေ့ လုံးကျနော် Registry အကြောင်းတွေချည်းပဲထိုင်ပြီးတင်ပေးနေတာပါ..။ အခုလဲ ကျနော် စဉ်းစား မိတာလေးတစ်ခုထပ်ပြီးတင်ပေးလိုက်ပါတယ်..။ ဒီပို့စ်မတိုင်ခင်က Registry ခေါ်လို့ မရရင် ပြန်ပြီး Enable လုပ်တဲ့နည်းလေးပါ..။ အခုပြောမှာက ဗိုင်းရပ်စ်ကိုက်လို့  TaskManager ပျောက်နေရင်ပြန်ခေါ်တဲ့နည်းလေး
အသုံးဝင်မယ်ထင်ကြပါတယ်ဒါကြောင့်တင်ပေးလိုက်တာပါ။


Task Manager ပျောက်နေတာလေး ပြန်ခေါ်ချင်တယ်ဆိုရင်တော့
Start => Run ထဲမှာ gpedit.msc ဆိုပြီး Enter ခေါက်။ Group Policy Editor ပေါ်လာလိမ့်မယ်။ အဲဒီမှာ User Configuration => Administrative Templates => system => Ctrl+Alt+Del Options မှာ select လုပ်လိုက်ရင် ညာဘက်ချမ်းမှာ Remove Task Manager ဆိုတာပေါ်မှာ ကလစ်နှစ်ချက်နှိပ် Disabled ဆိုတာကို ရွေးပေးပါ။ ပြီးရင် Apply ရယ် OK ရယ်ကိုနှိပ်ပေးပါ။ Group Policy ကိုပိတ်လိုက်ပါ။ အဲဒါမှ ပြန်မပေါ်သေးဘူးဆိုရင် ခုနကလမ်းကြောင်း အတိုင်းပြန်ဝင် Remove Task Manager ကိုရောက်ရင် ကလစ်နှစ်ချက်နှိပ်ပြီး Not configured ကိုပြန်ရွေးပေးရပါမယ်။ ဒါဆိုရင်တော့ ကျိန်းသေ ပြန်ပေါ်လာ ပါလိမ့်မယ်။
အားလုံး Ok ကြပါစေ..။ အားလုံး Ok ဆိုလို့ လွှမ်းပိုင်ဆိုတဲ့သီချင်းကိုပြောတာမဟုတ်ဘူးနော် :D။
Photobucket

Jailbreak Wizard

Error: Embedded data could not be displayed.

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host