AVG ရှိနေသေးတယ်ပေါ့။ Remove ဆိုတာလေး နှိပ်လိုက်ရင် add/remove programs ကို ရောက်သွားတယ်။ uninstall လုပ်ပြီးသားဆိုတော့လည်း ရှာလည်း မတွေ့ဘူးလေ။ program files ထဲ သွားပြီး ကျန်တာ ဖျတ်ပေးလည်း မထူးဘူးလေ။ ဘာလို့လဲ ဆိုတော့ AVG ရဲ့ Uninstall program က သူ့ရဲ့ registry ဖိုင်တွေကို မဖျတ်ပေးခဲ့ဘူး။ kasper လည်း တင်လိုက်ရော မတိကျတဲ့ AVG နဲ့ လက်ပေါက်ကပ်တဲ့ kasper တွေ့ကြရောပေါ့။ လေရှည်သွားပြီ တင်လို့ ရဖို့က လွယ်လွယ်လေးပါ။
Run မှာ regedit လို့ ရိုက်ထည့်ပြီး Registry Editor ကို ၀င်လိုက်ပါတယ်။ အောက်ပါအတိုင်း ရှာလိုက်ပါ။
HKEY_LOCAL_MACHINE\SOFTWARE\AVGရှာတွေ့မယ် ထင်ပါတယ်။ HKEY_LOCAL_MACHINE ရဲ့ SOFTWARE အောက်မှာ AVG ကို right click လုပ်ပြီး delete နှိပ် ဖျတ်ပစ်လိုက်ပါ။
ပြီးရင် Registry Editor ပိတ်လိုက်ပြီး ပုံမှန်အတိုင်းပဲ Kasper ပြန် run လိုက်ပါ။ အားလုံး အဆင်ပြေသွားပါလိမ့်မယ်။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်လည်း ကျောင်းက အရမ်းကို နှိပ်စက်နေလို့ စာတောင် မရေးနိုင် ဖြစ်နေရတာပါ။ စာမေးပွဲကလည်း နိုဝင်ဘာ ၁၄ ဆိုစပြီ .. ဒီဇင်ဘာ ၄ ရက်နေ့ မှပြီးမှာ .. ကျောင်းစာမေးပွဲပြီးရင်တော့ အတိုးနဲ့ ကြိုးစားရေးပေးပါ့မယ်။ ရေးဖို့ စုထားတာလည်း အများကြီးပဲ။ တခြို့ဆို upload တောင် တင်ပြီးပြီး share ဖို့ နားလည်ပေးကြပါဦးဗျာ။ အဟောင်းလေးတွေ ရှာဖတ်ရင်းပေါ့ …. ကျေးဇူးပါ.။
No comments:
Post a Comment